🏳️‍🌈28🏳️‍🌈 { Zawgyi }

712 22 1
                                        

သီဟ - ကိုကို တရေးလောက် အိပ်လိုက်အုံး။ မနက်ကျရင် မမခြူး တို့ကို သွားကြိုရအုံးမှာ မလား။

သုဝဏ် - အင်း ကိုကို အိပ်လိုက်မယ်။ ဒါနဲ့ ကလေးရော အခြေအနေ

သီဟ - သားလေးက အသားဝါ နေလို့ မီးပြနေရတယ်။

သုဝဏ် - အင်း!

သုဝဏ်လည်း ပင်ပန်းနေတာမို့ ဆိုဖာခုံကြီးပေါ်မှာ လှဲကာ အိပ်ပျော်အောင် အိပ်လိုက်သည်။
%
%
%
၁၂ နာရီ နီးပါးလောက် လေယာဉ် စီးပြီးတဲ့ နောက် ပါရီမြို့ ကို ရောက်လာခဲ့သည်။

ဧည့်ကြိုဘက်မှာ သုဝဏ် ကို တွေ့တော့ မာန် က အပြေးသွားကာ

မာန် - သုဝဏ်!

သုဝဏ် - မင်း မင်း ဘယ်လာတာလဲ။

မာန် - ငါ ခြူး တို့နဲ့ လိုက်လာတာ

သုဝဏ် - ဘာ!!!

- သားသုဝဏ်

သုဝဏ် - အန်ကယ်၊ အန်တီ တို့ပါ လိုက်လာတာလား။

- သားငယ်လေးရော သတိရလာပြီလား။

သုဝဏ် - မရသေးဘူး အန်တီ။

ခြူး - စကားနောက်မှ ပြောရအောင် အခုတော့ ဆေးရုံ သွားကြမယ်။

ကားမောင်းနေတဲ့ တလျှောက်လည်း ဆက်ပိုင် အခြေအနေနဲ့ ကလေး အခြေအနေကို သုဝဏ်မှာ ပြောပြရသေး။

ဆေးရုံရောက်တော့ သုဝဏ်ကပဲ ဉီးဆောင်ကာ ဆေးရုံခန်းထိ ခေါ်သွားရသည်။

သူတို့ အားလုံး ဆေးရုံခန်းထဲ ရောက်တော့ James က ဆက်ပိုင် လက်လေးကို ရေစိုဝတ်လေး နဲ့ သုတ်ပေးနေတာကို တွေ့လိုက်ရသည်။

သီဟ - မမခြူး! အန်ကယ် နဲ့ အန်တီ ရောက်လာကြပြီလား။

ဉီးအောင်သီဟ ဘာစကားမှ မပြောနိုင်ပဲ ကုတင်ထက်က သားဖြစ်သူဆီ ကို သွားလိုက်သည်။

ရှည်နေတဲ့ ရွှေအိုအောင် ဆံပင်လေးတွေကိုတော့ လျစ်လျူရှုရင်းပေါ့

ခြူး - သူက

သုဝဏ် - အေး မိတ်ဆက်ပေးမယ်။ သူက James တဲ့။ ပြည့်ပြည့်လေး တို့ ကုမ္ပဏီ ကCEO ရဲ့သား။ James သူက Satt ရဲ့ အစ်မ၊ ဒီဘက်က Satt ရဲ့ မိဘ နှစ်ပါး။ သူ..သူကတော့

Unconditional Love { Uni & Zaw } [ COMPLETED]Where stories live. Discover now