- Satt Paing Collection ဆိုင်မှ နွေးထွေးစွာ ကြိုဆိုပါတယ်။
မာန် ဆိုင်ထဲ ၀င်လိုက်တာနဲ့ ၀န်ထမ်းကောင်လေး နဲ့ ကောင်မလေး က နွေးထွေးစွာ ကြိုဆိုကြသည်။
မာန် - ကိုယ် မင်းတို့ သူဌေး ဆက်ပိုင် နဲ့ တွေ့ချင်တယ်။
- ဟုတ်ကဲ့ ဘယ်သူလို့ ပြောပေးရမလဲ ဗျ!
မာန် - ဧမာန်မင်းခန့် လို့ ပြောလိုက်ပါ။
- ဟုတ်ကဲ့ပါ ဗျ။ ခနလေး ထိုင်စောင့်ပေးပါနော်။ သူသူ ဧည့်သည်အတွက် အအေး လုပ်ပေးလိုက်ပါအုံး။
၀န်ထမ်းကောင်လေး ထွက်သွားပြီးဘယ်လောက်မှ မကြာ သူသူ ဆိုတဲ့ကောင်မလေးက အအေးခွက်လေး လာချပေးသည်။
တစ်ချို့ ဆိုင်ထဲမှာ ရှိနေသော ၀တ်စုံလာကြည့်သူတွေက မာန့်ကို တွေ့တော့ အချင်းချင်း လက်တို့ကာ
1 - ဟဲ့ ဟဲ့ အဲ့တာ Marnn Gp က CEOမလား
2 - အေး သူက ဒီကို ဘာလာလုပ်တာလဲ။
1 - မဟုတ်မှ သူတို့ ပြန်တွဲနေကြတာလား။
3 - မဖြစ်နိုင်လောက်ပါဘူး။ ၀တ်စုံအပ်ထားလို့ လာယူတာ နေမှာပေါ့။
သူတို့ ပြောနေကြတဲ့ စကားတွေကို မာန် ကြားပါသည်။ သို့ပေမယ့် မသိသလိုသာ နေနေပြီး ရှေ့က ဒီဇိုင်းစာအုပ်ကိုသာ ကောက်ယူပြီး ဖတ်နေလိုက်သည်။
ဒါက ၆ လအတွင်း ဆက်ပိုင် ရဲ့ အောင်မြင်မှုတွေ! ကိုယ်ပိုင်ဆိုင်၊ ကိုယ်ပိုင် ဒီဇိုင်း တွေ ထုတ်လုပ်နိုင်တဲ့ အထိ အောင်မြင်လာသည်။
စျေးကွက်ကိုလည်း ဖောက်ထွက်နိုင်လာခဲ့သည်။ လက်၀တ်ရတနာ ဒီဇိုင်းဘက်မှာလည်း ဆက်ပိုင်က အမည်တစ်ခု ရတဲ့အထိ ကျော်ကြားနေသည်။
တစ်ချို့ မင်္ဂလာဆောင်မဲ့ သူဌေးသားသမီးတွေဆို ၀တ်စုံအပ်ရင်း ဆက်ပိုင်ဆီမှာ တစ်ခါတည်း လက်၀တ်ရတနာ ဒီဇိုင်းက အစ အပ်ကြသည်။
မကြာခင်မှာ လက်၀တ်ရတနာ ဆိုင်ကြီးတောင် ဖွင့်မလား မသိဘူး။ ကိုယ့်အတွေးနဲ့ ကိုယ် ပြုံးနေတုန်း အခန်းထဲမှ ထွက်လာတဲ့ ဆက်ပိုင် နဲ့ မှိုင်းရောင်စဥ်!
နှစ်ယောက်လုံး မျက်နှာမှာလည်း အပြုံးပန်းတွေ ဝေလို့
ရောင်စဥ် - ဒါဆို ပွဲနေ့ကျမှ တွေ့မယ် ကလေး!
YOU ARE READING
Unconditional Love { Uni & Zaw } [ COMPLETED]
RomanceUni - သမီး မိန်းကလေးတွေကို ကျတော့ အဖိုးတန်တဲ့ ပန်း နဲ့ ခိုင်းနှိုင်းကြတယ်။ ဒါဆို ကျွန်တော်တို့ ယောကျာ်းလေးတွေ အတွက်ကျတော့ရော! ကျွန်တော် ဘက်ကို တစ်ချက်လောက်ငှဲ့ကြည့်ပေးပါ။ ဆက်ပိုင်မိုးပြည့်! - ငါGay တွေကို အရမ်းမုန်းတယ်၊ ရွံ့လည်းရွံ့တယ်။ ဘာလို့ ငါအရ...
![Unconditional Love { Uni & Zaw } [ COMPLETED]](https://img.wattpad.com/cover/276977612-64-k341380.jpg)