🏳️‍🌈23🏳️‍🌈 { Unicode }

1.3K 70 0
                                    

ဆက်ပိုင် - ကိုကို အခုတလော ဘာတွေ လုပ်နေလဲ ဆိုတာ ကိုယ့်ကို သိရဲ့လား။

မာန် - ကိုယ် ဘာလုပ်နေလို့လဲ Honey ရဲ့

ဆက်ပိုင် - ဟို ခရာ ဆိုတဲ့ ကောင်မလေး နဲ့ ကိုကို က ဘာတွေလဲ။

မာန် - ဘာများလဲ လို့ Honeyရယ်။ သူ့ကို ကိုယ် က ကူညီရုံတင်လေးပါ။ မကြာခင် အဲ့ကောင်မလေး က အရင်လို ပြန်ဖြစ်တော့မှာလေ။

ဆက်ပိုင် - ကူညီတာကို Honey မပြောလိုဘူး။ အခုဟာက ကူညီရင်း ကူညီရင်း နဲ ကိုကို တို့က လင်မယားပုံစံ ပေါက်နေပြီဆိုတာ သိရဲ့လား။

မာန် - Honey!!! မင်း ဘယ်လို စကားတွေ ပြောလိုက်တာလဲဟမ်။

ဆက်ပိုင် - Honey မျက်လုံးနဲ့ မြင်တဲ့ အတိုင်း ပြောနေတာ။ ဟိုကလည်း ကိုကို့ ပေါင်ပေါ်ကို မထိုင်ရုံတမယ်။

မာန် - Honey မင်းစကားတွေက တစ်ဖက် မိန်းကလေးကို အရမ်း ထိခိုက်နေပြီနော်။ အရင်ကလို စိတ်သဘောထား ဖြူစင်တဲ့ Honey ဘယ်ရောက်သွားတာလဲ။ တောက်စ်!!

📲📲📲📲📲

လင်မယား ရန်ဖြစ်နေပါတယ်ဆို အလိုက်ကမ်းဆိုး မသိ ၀င်လာသော ဖုန်းကြောင့် မာန် ဒေါသထွက်တာတော့ အမှန်!

ခေါ်ဆိုသူ ကြည့်လိုက်တော့ ခရာ ရဲ့ ဦးလေး။

📞Hello ဦးမျိုး📞

📞လူလေးရေ လုပ်ပါအုံး ခရာ ပျောက်သွားလို့📞

📞ဗျာ! ခရာ က ဘယ်လို ပျောက်သွားတာလဲ။ ကျွန်တော် လာခဲ့မယ်။ ဦးမျိုး📞

ထွက်သွားဖို့ လုပ်နေသော မာန့် လက်ကို လှမ်းဆွဲလိုက်ပြီး

ဆက်ပိုင် - ကိုကို ဒါက ဘယ်လဲ။

မာန် - ခရာ ပျောက်သွားလို့တဲ ကိုယ် သွားရှာ လိုက်အုံးမယ်။

ဆက်ပိုင် - ကိုကို ရူးနေလား။ သူတို့ဆီမှာ ဒီလောက် လူတွေ များတာ ကိုကို ပါမှ ရမှာလား။

မာန် - Honey! မင်း မဆိုးစမ်းနဲ့ကွာ။ အဲ့ခရာ ဆိုတဲ့ မိန်းကလေး နေရာ မှာ မင်း အစ်မ ခြူး ဆို မင်းဘယ်လိုလုပ်မှာလဲ။

ဆက်ပိုင် - အကယ်၍ ကျွန်တော် ပျောက်သွားရင်ရော ကိုကို လိုက်ရှာမှာလား။

Unconditional Love { Uni & Zaw } [ COMPLETED]Where stories live. Discover now