- ဟယ် သူက ကောင်မလေး ရနေပြီလား။
- ရနေပြီနေမှာပေါ့။ အမျိုးသမီး အသုံးအဆောင်တောင် ၀ယ်ပေးတာဆိုတော့ တော်တော်ချစ်လို့ နေမှာ။
- Marrn လို ချစ်သူမျိုး လိုချင်လိုက်တာ။
တစ်ကျောင်းလုံးမှာ ရှိနေကြသော ကျောင်းသူ!ကျောင်းသားတွေ အားလုံးကြား မာန် ရဲ့ စတိုးဆိုင်က ပုံလေးက ဟိုးလေးတကြော်ကြော် ဖြစ်လို့နေသည်။
သီဟ - ပိုင်လေး ပိုင်လေး
ဆက်ပိုင် - ပြောလေ သီဟ
သီဟ - ဒီမှာကြည့် ကိုမာန် က သူ့ကောင်မလေး အတွက် အမျိုးသမီး အသုံးအဆောင် ၀ယ်ပေးခြင်းတဲ့
အအေးသောက်နေသော သု၀ဏ်ရော မာန် ရော အအေးသီးသွားကြသည်။
ဆက်ပိုင် ကတော့ ထိုပုံကို ကြည့်ပြီး ပြုံးစိစိနဲ့။
သု၀ဏ် - မာန် မင်း တကယ်ကြီး အဲ့ဟာသွား၀ယ်တာလား။ မင်းလို ကောင်ကလေ။
မာန် - အဆန်းကျနေတာပဲ။ တကယ်ချစ်တဲ့ ယောကျာ်းတွေက သူ့ချစ်သူ အတွက်ဆို အကုန်စွန့်စားကြတာပဲ။
သု၀ဏ် - ၀ိုး! မင်း တကယ်ကြီး ကောင်မလေး ရနေတာလား။
အောက်ကနေ ခြေထောက်ကို ကန်နေသော ချစ်ရသူကို မသိချင်ယောင်ဆောင်ကာ မာန့် ကို အစ်အောက်မေးနေမိသည်။ မသိမသာ ဆက်ပိုင် ကို လှမ်းကြည့်မိသော မာန့် အဖြေကို စိတ်၀င်တစားစောင့်မျှော်နေတာကို တွေ့လိုက်ရသည်။
မာန်! သု၀ဏ် အမေးကြောင့် တစ်ချက် ပြုံးလိုက်ပြီး သူ့ရှေ့က ကောင်လေး လက်ကို ဆုပ်ကိုင်လိုက်တော့ သု၀ဏ် နဲ့ သီဟ ပါ မက ထိုကောင်လေးပါ အံ့သြတကြီး မော့ကြည့်လာသည်။
မာန် - Honey!! ကိုယ် Honey ကို ချစ်တယ်။
သု၀ဏ် - မာန် မင်းနောက်မနေနဲ့။
သီဟ - ဟုတ်တယ် ကိုမာန်! ပိုင်လေး ကို မကစားပါနဲ့။
မာန် - ငါဖွင့်ပြောတာ Honey ကိုလေ။ မင်းတို့က ဘာဖြစ်နေတာလဲ။
သု၀ဏ် - မင်းလုပ်ပုံကိုက မဟုတ်လို့လေ။
မာန် - တော်ပြီ။ အရင်က ငါ မှားခဲ့တယ်ဆိုတာ ငါသိပါတယ်။ Honey ကိုယ့်ကို စကားပြန်ပြောပါအုံး။
YOU ARE READING
Unconditional Love { Uni & Zaw } [ COMPLETED]
RomanceUni - သမီး မိန်းကလေးတွေကို ကျတော့ အဖိုးတန်တဲ့ ပန်း နဲ့ ခိုင်းနှိုင်းကြတယ်။ ဒါဆို ကျွန်တော်တို့ ယောကျာ်းလေးတွေ အတွက်ကျတော့ရော! ကျွန်တော် ဘက်ကို တစ်ချက်လောက်ငှဲ့ကြည့်ပေးပါ။ ဆက်ပိုင်မိုးပြည့်! - ငါGay တွေကို အရမ်းမုန်းတယ်၊ ရွံ့လည်းရွံ့တယ်။ ဘာလို့ ငါအရ...
![Unconditional Love { Uni & Zaw } [ COMPLETED]](https://img.wattpad.com/cover/276977612-64-k341380.jpg)