Unicode
"jk ဒီမှာကြည့်စမ်း..."
ဖုန်းအားလက်ထဲအတင်းထိုးထည့်ကာကြည့်ခိုင်းသည်။စတိတ်စင်ပေါ်တွင်အရောင်တလက်လက်များနှင့်ကြွကြွရွရွလမ်းလျှောက်နေသောယောကျားတစ်ယောက်။
မျက်လုံးထဲတွင်တော့ထင်းကနဲထင်းကနဲ ။ဒီလောက်ခေါင်းမူးနေတာကိုဒီကောင်ဘယ်လိုစိတ်နဲ့လာပြသလဲ ။"Park Jimin တဲ့ ။ အရမ်းလှပြီးမိုက်တဲ့မော်ဒယ်ပေါ့ကွာ။ သူအခုတလောမိန်းမရော၊ယောကျားရောရဲ့စိတ်ဝင်စားတာကိုခံနေရတာကွ။ကြည့်ဦးကွာ မျက်နှာလေးကဖြူဖြူဥဥလေးနဲ့ ။"
သူနှာမှုတ်ထုတ်လိုက်သည်။ယောကျားတစ်ယောက်ဖြစ်ပြီးဒီလိုမျိုးတွေဖြစ်နေတာကိုသူနားမလည်နိုင်ပါ ။ ဝေဖန်တာတော့မဟုတ်ပေမယ့်သူဒါတွေကိုတကယ်သဘောမကျ။
"သွားစမ်းပါ...ငါအဲ့တာတွေကိုစိတ်မဝင်စားဘူး ..."
"မင်းစိတ်ဝင်စားတာလည်းဘာမှမရှိပါဘူး jk ရာ ! "
Taeminသည်လက်ထဲကဖုန်းကိုဆက်ကနဲပြန်ယူကာလူကိုနှိမ်သလိုဘာလိုလိုပြောလာသည်။
ဟုတ်ပါသည်။ဒီကမ္ဘာပေါ်တွင်သူဘာကိုစိတ်ဝင်စားမှန်းလည်း
မသိ။မိဘတက်ခိုင်းတဲ့မေဂျာကိုပျော်သလိုလေးတက်ပြီးဘာဖြစ်မယ်မှန်းမသိတဲ့အနာဂတ်ကိုကြိတ်ပြီးသာတွေးနေရုံ...-----------
'Jimin ssii ခနလောက်ပါ ဒီနေ့ဖျော်ဖြေမှုအပေါ်ဘယ်လို
ခံစားရလဲမသိဘူးရှင့် '"ကျွန်တော်ဘယ်လိုမှမခံစားရပါဘူး ။ ခင်ဗျားတို့သိတဲ့အတိုင်းပဲကျွန်တော်ကသိပ်တော်တဲ့လူလေ။"
တစ်ခွန်းတည်းမေးတာကိုနှစ်ခွန်းပြန်ဖြေလိုက်မိတော့သတင်းထောက်မလေးသည်သူ့ကိုသိပ်မကြည်တော့ ။
မှန်တာပြောရင်ဖြစ်ပျက်နေကြပြီ လူတွေ။"ဟုတ်ကဲ့ သွားခွင့်ပြုပါဦး "
ခေါင်းငြိမ့်ပြလိုက်သည်။စင်ပေါ်တက်ကတည်းကသူလုံးဝစိတ်ရှုပ်ထွေးနေတာအခုထိမပြေသေး။အကျီသည်အတော်လေးကျပ်ခဲနေကာအသက်ရှူလည်းကျပ်သည်။Stylistပြောင်းသွားသဖြင့်ဒီလိုဖြစ်နေတာကိုမျိုသိပ်ထားရတာနှစ်ကြိမ်ရှိနေပြီ။ဒီတစ်ခါတော့သည်းမခံနိုင်တော့ပါ။Directorကိုပြောရတော့မယ်။
သည်းခံခြင်းရာဇဝင်သူ့တွင်မရှိ ။
YOU ARE READING
𝚂𝚝𝚞𝚍𝚎𝚗𝚝 𝙾𝚏 𝙶𝚘𝚍 🤎
FanfictionAs fate would have it , we are always together... Unicode+Zawgyi