Unicode
မထင်မှတ်ထားလောက်အောင်ကျွန်တော်တို့
အချိန်အတော်ကြာအတူရှိခဲ့ကြတယ်။
တွေ့တာနဲ့ရန်ဖြစ်တဲ့သူနှစ်ယောက်တည့်ကြလားဆိုတော့လည်း
မာနတွေကိုယ်စီ ၊ အတ္တတွေကိုယ်စီနဲ့အလျှော့မပေးခဲ့ကြပါဘူး။
ဒါပေမယ့် ...ဒါပေမယ့်လေ ဒီလိုပုံစံမျိုးကိုပဲ
နေသားကျသွားခဲ့တာထင်တယ်။
သူ့ကိုတွေ့ရင်မစရမနေနိုင်တော့တာ......။မျက်တောင်လှလှတွေဟာအနားနီးမှာရှိရင်
သူအနေရသိပ်ခက်တယ်။ကျွန်တော်
အတတ်နိုင်ဆုံးအချစ်စိတ်ကလေးကိုထိန်းချုပ်ထားပြီး
Cool Guy ဖြစ်အောင်နေတယ် ။ထိန်းချုပ်နိုင်စွမ်းကုန်အောင်အလုပ်နိုင်ဆုံးက
ရတနာတစ်ပါးလေးလိုမျိုး.......။
ခိုးယူချင်တဲ့စိတ်ဖြစ်စေတာမျိူး........။သူ့နှုတ်ခမ်းထူထူတွေ.........။
Jungkook
---
" ပန်းခူးချင်လို့လား....."
ခုံတန်းတွေနားရှိအပင်အကြီးကြီးအား
သူကြည့်နေတုန်းခပ်ရှရှအသံကရင်ကိုဒုတ်ခနဲခုန်သွားစေသည်။
လှည့်ကြည့်လိုက်တော့ လူဆိုးကောင်ပဲ။
လိုက်မလာဘူးလို့ထင်နေတာဘယ်သူ့ခွင့်ပြုချက်နဲ့အခု
သူ့နောက်ကိုလိုက်လာတာလဲ။" မင်းငါ့နောက်ကိုလိုက်နေပြန်တာလား ! "
" မလိုက်ပါဘူး ...ပြန်မယ့်လမ်းတူတာနေမယ်...."
ဘာကိုတူရမှာလဲ။မဖြစ်နိုင်တာကြီး။လူဆိုးကောင်ရဲ့
အဆောင်နဲ့ဆေးရုံနဲ့ကအဝေးဆိုအဝေးကြီး။
Bus ကားဂိတ်သုံးခုလောက်ဖြတ်မှရောက်တာကြီးကို
လမ်းတူတယ်လို့ပြောတာ
ဆိုတာလိမ်နေတာ......။မကောင်းဆိုးဝါးလေး......။" တကယ်ပြောနေတာ....
လမ်းတူတာရော၊နည်းနည်း စိတ်မချလို့လေ ...."" ဘာ ကြီး ...! "
နေရောင်ခြည်ဟပ်နေတဲ့မျက်နှာသေးသေးလေးသည်
ပိုလို့တောင်ရဲပတောင်းခတ်သွားသည်။Jeon Jungkook ကတော့ ဘာမသိတဲ့လူလိုမျိုး။
အူကြောင်ကြောင်ရုပ်ကလေးနဲ့ပြောချလိုက်တဲ့
စကားဟာလည်းသူ့ရဲ့ကြောင်နေတဲ့ရင်အစုံကို
ဒုတ်ခနဲပဲ ......။
YOU ARE READING
𝚂𝚝𝚞𝚍𝚎𝚗𝚝 𝙾𝚏 𝙶𝚘𝚍 🤎
FanfictionAs fate would have it , we are always together... Unicode+Zawgyi