Unicode
Min Yoongi သည်တော်တော်လေးနောက်ကျမှရောက်လာကာသူ့အားထပ်တလဲလဲတောင်းပန်သည်...။
ကျေနပ်ရမှာပေါ့ ဒီလောက်ဆို ။"ဘယ်လို တက္ကသိုလ်ကျောင်းမှာ ! "
စားပွဲခုံပေါ်ကရေဗူးကိုမော့ချရင်းအခြေအမြစ်မရှိတဲ့နေရာကိုပြောတယ်...။
ထူးဆန်းလိုက်တာတွေ ကျောင်းမှာကြော်ငြာရိုက်ရမယ်လို့ဘယ်သူကထင်မှာလဲ ။"ဟုတ်တယ် jimin ရဲ့ ။ အဲ့ကျောင်းရဲ့ပတ်ဝန်းကျင်ကလည်းတော်တော်ကောင်းတာ လေ ။အဲ့တာကြောင့်ကျောင်းမှာပဲရိုက်ဖို့planချထားတာ..."
"စောစောကတည်းကကြိုပြောပါလား အခုကျွန်တော်ဝတ်လာတဲ့ဟာကိုကြည့်ဦး.."
သူjiminကိုတစ်ချက်ကြည့်လိုက်မှမိမိုက်နေအောင်ဝတ်ထားမှန်းသိတော့သည်...။
ခေါင်းထဲမှာဘယ်သူဘယ်ဝါတွေရှိနေလို့သူကြည့်ဖို့မေ့လျော့နေခဲ့တာလဲ ။"ရပါတယ် ရိုက်မယ့်ပစ္စည်းနဲ့ဆိုရင်သူ့ဟာသူအဆင်ပြေသွားမှာပါ..."
"အင်း .."
"အာ့ဆိုသွားကြမယ်နော် ကျွန်တော့်ကားနောက်ကလိုက်ခဲ့ပါ.."
-------
ကျောင်းဝန်းအလယ်ကြီးထဲတွင်ထူးထူးဆန်းဆန်းလူများစုပြုံနေကြသည် ။
သူတို့တွေဘာကြောင့်လဲဆိုတာတော့အထူးတလည်ပြောစရာမလိုအပ်ပါ...။လူအုံကြီးရဲ့အလယ်တွင်အရောင်ထင်းနေသောmodelလေးတစ်ယောက်ရှိသည် ။
ဆံပင်တွေကိုတစ်ချက်တစ်ချက်သတ်လိုက်ရင်လူထုကြီးမှာဝိုးခနဲ ။"အိုးးး ငါတော့ရူးတော့မှာပဲ ! "
လူအုံအလယ်ထဲမှအသံထွက်လာသည် ။
ထိုလူသည် Lee Taemin ။ရင်ဘတ်ကိုအသာဖိရင်းအသက်ကိုဖြည်းဖြည်းချင်းရှူနေရတယ် ။
အပြင်မှာတစ်ခါတွေ့ကတည်းကဓာတ်ပုံတွေထဲကထက်ပိုလှနေမှန်းသိခဲ့ရတာ...။
သို့သော် ထို့နေ့ကရန်ပွဲဖြစ်ခဲ့တာကြောင့်ကောင်းကောင်းမကြည့်လိုက်ရ...။"ကဲ ကဲ ရိုက်ကွင်း ပြီးပါပြီ ! အားလုံးပဲဘေးကိုနည်းနည်းလောက်ဖယ်ပေးကြပါခင်ဗျာ..."
Min Yoongi သည်မိုက်ခ်ကြီးနှင့်ထိုသို့အော်လိုက်တော့ပြည့်ကျပ်နေသောလူတွေသည်ဘေးကပ်ပေးကြသည်။
သူလည်းyoongi လက်ထဲက မိုက်ခ်အားယူကာကျေးဇူးတင်စကားပြောလိုက်ပါသေးသည်..။
YOU ARE READING
𝚂𝚝𝚞𝚍𝚎𝚗𝚝 𝙾𝚏 𝙶𝚘𝚍 🤎
FanfictionAs fate would have it , we are always together... Unicode+Zawgyi