16.1

89 8 0
                                    

Unicode

" မေမေလား မေမေ !!! "

ဧည့်ခန်းရှိသစ်သားခုံပေါ်တွင်ချည်ထိုးနေလျှက်ရှိသော
မိခင်ဆီသို့တွေ့တာနဲ့ချက်ချင်းပင်Taehyungသည်
ထွေးပွေးထားခဲ့သည်။ဒီမြင်ကွင်းကိုသူမျက်ရည်ဝဲမိသေးသည်။
အကုန်လုံးဟာသူ့အပြစ်တည်း......။
အိမ်ပြန်ရောက်ရင်
နောက်ဆက်တွဲဘာတွေရှင်းရဦးမလဲမသိပါ......။
မေ့ထားလိုက်မည်။ဒီအတောအတွင်းသူ့အနာဂါတ်တွေ
ဝေလားဝါးလားဖြင့်ဘာကိုမှမတွေးနေချင်......။

ကြမ်းပြင်ကရေတတောက်တောက်အသံလာရာက
Taehyungဆီက......။
အကြာကြီးအပြင်မှာနေလာတာ ဖျားတော့မှာပဲ.....။

အန်တီ့ကိုလှမ်းကြည့်မိတော့ သူ့သားအား
ခေါ်ထုတ်သွားစေချင်တဲ့ပုံပေါက်သည်။
သို့ပေမယ့် ထိုကလေးကစိတ်ထိလာလေတော့
မတားရက်သောပုံ......။

နောက်ဆုံး သူကပဲချော့ရပြန်သည်။

" Taehyung .... အပေါ်တက်ရအောင်
မင်းရေတွေရွှဲစိုနေတယ် ...ဖျားဦးမယ်ကွာ ...."

မခွာတမ်းဖက်ထားသောTaehyungလေးသည်
လုံးဝမလွှတ်ချင်......။
ပထမဆုံးချော့နည်းသည်အလုပ်မဖြစ်ခဲ့ပါ။

" မုန့်ဝယ်ကျွေးမယ်လေ ....
အဝတ်အစားသွားလဲရအောင် လိမ္မာတယ်မလား...."

" မုန့်မစားချင်ဘူးလို့ .....!!! "

ဘုရားသခင် ! Taehyung အော်လိုက်သည်လား ။
မုန့်မစားချင်တဲ့အကြောင်းကို အဖေဖြစ်သူအား
ရစ်နေသလိုမျိုးကြီးလေ !

" ဒါ ဒါဆို မင်းကြိုက်တာအကုန်လုပ်ပေးမယ်ကွာ ....
ဘယ်လိုလဲ အပေါ်တက်ပြီးအဝတ်လဲစရာရှိတာလဲရအောင်.."

" Ceo လေး ......"

" ရတယ် အန်တီ ကျွန်တော်နိုင်တယ်စိတ်ချ...."

အန်တီသည် ရစ်ထုတ်နေသော
ထိုကလေးသာသာလေးကြောင့်သူ့အား
အားနာနေပြီဖြစ်သော်လည်း အရစ်ထုတ်ကတော့
မျက်စိစုံမှိတ်ကာပြန်အော်နေတုန်း......။

" သွားလဲမယ် လာခဲ့ ..."

Yoongi အခုမှပဲစိတ်အေးသွားတော့သည်။
သက်ပျင်းတွေလည်းချပေါင်းမနည်း......။
အပေါ်လိုက်တက်သွားပြီး
အခန်းရှေ့နားတွင်စောင့်နေလိုက်သည်။ဒါကို မျက်လုံးထောင့်ကပ်ကြည့်နေသည့်Taehyung.......။
ဘာတွေရစ်ဦးမလဲမသိ။

𝚂𝚝𝚞𝚍𝚎𝚗𝚝 𝙾𝚏 𝙶𝚘𝚍 🤎Where stories live. Discover now