Unicode
စိတ်ကလေးများလွတ်ထွက်သွားတဲ့အခါ
ယိမ်းယိုင်သွားနိုင်ခြေရှိသည် ။
ပြုစားတာကို ငြိမ်ခံနေရပြီးဒီလူသည်ထိုလူ့ရဲ့ညှို့ချက်မဟုတ်သော
ပြင်းအား ဆွဲငင်အားတွေဆီ သူသံလိုက်လိုကပ်တွယ်သွားခဲ့ပြီ။လမင်းငယ်လေးအိပ်ရာကနိုးလာလျှင်
ဘာတွေဆက်ဖြစ်ဦးမလဲမသိသေးပါ.....။စူပုတ်နေသောမျက်နှာထားက
ပြုစုစောင့်ရှောက်ချင်တဲ့စိတ်ကိုရိုက်ချိုးသည်။jungkook ၏ သည်းခံမှုဆောင်ပုဒ်နှင့်အတားအဆီးလုပ်ထားလို့ပေပေါ့.....။
ဘုန်းခနဲ ဖောက်လိုက်တာနဲ့
ရန်ပွဲတစ်ပွဲလောက်ကအသာလေးရယ်.....။ဆေးရုံအခန်းသည် ကြီးကြီးကျယ်ကျယ်ကြီး ။ အထဲတွင်
Aircon နှစ်လုံးသည် ဆန့်ကျင်ဘက်အနေအထားဖြင့်
တပ်ဆင်ထားသည် ။ ဖွင့်လားဆိုတော့ တစ်လုံးပဲ ဖွင့်ထားသည် ။
မအေးဘူးလား မသိ ..သူ့တစ်ကိုယ်လုံးတော့ချမ်းစိမ့်နေခဲ့သည်။
သူက အအေးမုန်းပြီး ဟိုလူသည် အအေးဆို တုန်နေအောင်
ကြိုက်သည်....။
လုံးဝမအပ်စပ်.....။Black တွေချည်းရွေးဝတ်တတ်တာလည်း သူနှင့်မအပ်စပ် ....။
ကြီးကြီးကျယ်ကျယ်နေတာလည်း မအပ်စပ်နေ.....။
ဝိုင်သုံးလေးခွက်လောက်သောက်တတ်နေတာလည်း
မအပ်စပ်ပြန်....။Jungkook သည် ခဏတာလေးအတွင်း
မအပ်စပ်မှုပေါင်းများစွာအား လက်ချိုးရေကာတွေးနေသည် ။အပ်စပ်တာတွေသည် သုံးပုံတစ်ပုံတောင်မရှိ ....။ တွေ့တာနဲ့
ရန်ဖြစ်တာလည်းမပြောနဲ့ ။
ဖက်ရှင်ပိုင်းတောင်မှကွာခြားနေတာ ကို ....။" ခူး ခလော ဟင်းးး "
ဟောက်သံနှင့်အတူ ညည်းသံဟာဘာကိစ္စထွက်လာရတာလဲ ။
ထားပါဦး ကိုယ်တွေဘာတွေပူနေတယ်ဆို
သူဘာမှမလုပ်တတ်...။သိပ်ဖျားတတ်တဲ့သူမှမဟုတ်တာ....။
" ဟင်းးးး! "
Jungkook သည် တုပ်တုပ်မှမလှုပ်..
ငြီးတွားနေသူအားမျက်လုံးပြူးမျက်စံပြူးကာကြည့်နေလေ၏ ။" ခူးး ခလော ..."
မိနစ်ပေါင်းလောက်အကြာဟောက်သံများပလုံစီကာ
ပြန်အိပ်ပျော်သွားတော့သည်.....။
YOU ARE READING
𝚂𝚝𝚞𝚍𝚎𝚗𝚝 𝙾𝚏 𝙶𝚘𝚍 🤎
FanfictionAs fate would have it , we are always together... Unicode+Zawgyi