I- I Like You Jimin

353 15 0
                                    

Unicode

ဒီနေ့jiminဆေးရုံစဆင်းသည့်ရက်ဖြစ်တာကြောင့်
ဆေးရုံမှဝန်ထမ်းများအခန်းထဲအလုပ်များနေကြသည်။
သူသည်ဖုန်းမျက်နှာပြင်မှကိုယ့်ပုံရိပ်ကိုကြည့်ကာ
အားမလိုအားမရ။ဟိုတုန်းကထက်ပိုဝသယောင်ထင်ရပြီး
Jawတွေတောင်မရှိတော့သလို......။
အင်းလေ။gymလည်းမဆော့ဖြစ်တာကြာပြီကိုး။

ဟိုမကောင်းဆိုးဝါးလေးကရော...
သူကတော့အမြဲသွားဆော့နေမယ်ထင်တာပဲ။
သူတို့ကျောင်းနဲ့လည်းနီးပြီးတအား‌
ခန့်ညားချင်နေတဲ့ကောင်ဆိုတော့။

" အလုပ်တွေပြန်လုပ်ရတော့မှာ
ဆိုတော့မပျော်ဘူးလားjimin...."

သူခေါင်းသာခါပြလိုက်သည်။တကယ်တမ်းဒီမှာ
အနေကြာသွားတာနဲ့ရောပြီး
လူကပျင်းရိရိဖြစ်နေတာလေ။ဒါပေမယ့်
သူနှစ်သက်လို့ရွေးချယ်ထားသည့်အလုပ်မို့
ပျော်တာတွေ၊မပျော်တာတွေမလိုပေ။
သူလုပ်ကိုလုပ်ရမယ့်အလုပ်မို့လို့.....။

" Hairstyleအသစ်ပြောင်းချင်နေလားjimin...
ကျွန်တော်လိုက်ပို့ပေးရမလား ....? "

သူစိတ်တွေမှိုင်ရင်အမြဲလုပ်တတ်တာက
ခေါင်းလျှော်ခြင်းနဲ့ဆံပင်ပုံစံပြောင်းခြင်းဖြစ်သည်။
အသစ်အဆန်းတွေလုပ်လိုက်ရင်
စိတ်ခံစားချက်ပြောင်းသွားမလားဆိုတဲ့
ရည်ရွယ်ချက်ကြောင့်ဖြစ်သည်။

သူ့အဖြေကိုစောင့်နေသည့်မန်နေဂျာကြီးအား
ခေါင်းတစ်ချက်ညိတ်ပြကာကျောပိုးအိတ်
အနက်ရောင်ကြီးကိုဆွဲရင်းအရှေ့ဆုံးမှထွက်ခဲ့လိုက်သည်။

" နှင်းတွေပါ့လား......."

ဆေးရုံဝန်းကြီး၏အပြင်ဘက်ကိုရောက်သွားလျှင်
တပေါက်ပေါက်ကျနေသောနှင်းတွေကိုမြင်လိုက်ရသည်။
ဆောင်းဥတုရောက်ရန်တစ်လအကြာပဲလိုတာကြောင့်
အခုလိုမျိုးနှင်းကျသည်ထင်ပါသည်။
ဘာပဲဖြစ်ဖြစ်100%တွင်50%ခန့်တော့
သူစိတ်ပေါ့ပါးသွားသည်။

နှင်းတွေကြားထဲက mask အမည်းကောင်လေးရဲ့
အပြုံးသည်ရာသီဥနှင့်ခြားနားစွာ
အေးစက်မနေပါပဲ .....လှပနေခဲ့သည်။

ငေးကြည့်သွားသူများဟာ
ပါးစပ်ဟောင်းလောင်းဖြင့် သိပ်ချောပါလားဟု
ထင်ကြေးပေးနေကြသည်......။

You've reached the end of published parts.

⏰ Last updated: Apr 22, 2022 ⏰

Add this story to your Library to get notified about new parts!

𝚂𝚝𝚞𝚍𝚎𝚗𝚝 𝙾𝚏 𝙶𝚘𝚍 🤎Where stories live. Discover now