9.9

138 16 0
                                    

Unicode

"Jungkook.....Jungkook...! "

ဒီကနေ့သူတို့ပျော်ပျော်ကြီးခရီးထွက်ခဲ့ရာကနေ
ကျောင်းဝန်းကြီးထဲကိုပြန်ရောက်လာပြီ ။ ဟိုကနေမနက်ပိုင်းစောစောထွက်ခဲ့ပေမယ့်အလှမ်းဝေးဝေးနေရာဒေသမို့ပြန်ရောက်ချိန်သည်နေဝင်ကာညနေပိုင်းကူးပြောင်းနေပြီ...။

ခေါ်သံရေးရေးတော့ကြားလိုက်ရသည်...နားကြားမှားတာပါလို့သတ်မှတ်ရင်းထွေထွေထူးထူးလှည့်မကြည့်ဖြစ်ခဲ့ ။
ကားပေါ်တွင်ခေါင်းစိုက်ငိုက်ခဲ့ရသောကြောင့်စောင်းလိုက်ရင်
နာကျင်မှုတော့ရှိသည်....။
ငိုက်တဲ့အရှိန်ရော...မနေ့ကညကသူအုန်းလွဲသွားအောင်တစ်ဖက်လူအားကြည့်ခဲ့မိတာကြောင့်လည်းပါမယ်ထင်တာပဲ ။

အထုတ်တွေကိုင်ထားသောလက်တစ်ဖက်ကိုအရှိန်နှင့်ဆွဲလိုက်
သဖြင့်လက်ထဲကအိတ်သည်ကွန်ကရစ်ပေါ်သို့ပြုတ်ကျသွားသည်။
ယောင်္ကျားအားနှင့်ဆွဲခံလိုက်ရတာမို့အနည်းတော့အောင့်သွားသည်...။

"ငါခေါ်တာမထူးဘူး...ဒီမှာသေတော့မယ်အော်ခေါ်နေရတာ...."

"အဲ့တာများဖြည်းဖြည်းလှမ်းဆွဲ‌လိုက်တော့ဘာဖြစ်မှာမလို့လဲ...
ငါဒီမှာအရိုးကျိုးသွားပြီလားတောင်မသိဘူး "

နာသွားတဲ့လက်တစ်ဖက်ကိုလည်းပွတ် ၊ ကျသွားတဲ့အထုတ်ကိုလည်း
ပြန်ကောက်လိုက်ရင်းဘုကြည့်ကြည့်ပေးလိုက်သည် ။

"အဲ့တာတွေအသာထား...
ငါ၆နာရီလောက်ကျရင်သွားစရာတစ်ခုရှိလို့အဖော်လာစပ်တာ..."

ဒီကောင်တွေသည်မပင်ပန်းဘူးလား...ပြန်ရောက်တာဖြင့်နာရီဝက်တောင်မရှိသေးဘူး...
သွားဖို့ ဘာညာပြင်ဆင်နေသည်....။
သူမလိုက်ဖို့ငြင်းခဲ့ပါသေးတယ်..သို့ပေမယ့်အပေါင်းအသင်း
ခပ်ဆိုးဆိုးသည်မလိုက်ရင်ဒီနေရာမှာတင်အမှုန့်ချေပစ်မည့်
ကိန်းဆိုက်နေသည်....။
တောင်းဆိုနေတာလား...ခြိမ်းခြောက်နေတာလားမသဲကွဲတော့...။

Lee Taemin...ချစ်လှစွာသောသူငယ်ချင်းလေးသည်
ဒီလိုအချိန်တွေဆိုဘယ်ချောင်ရောက်လို့ရောက်သွားမှန်းမသိ...။

ဒီ လူဆိုးအဖွဲ့ကကောင်တွေသည်လည်းရက်ပိုင်းအတွင်းသူ့အနားကိုတဖြည်းဖြည်းချင်းကပ်လာသယောင်ယောင်ထင်ရသည်....။
မသိချင်ယောင်ဆောင်နေသော်လည်းတည့်တိုးပေတော့ဘယ်သူ့ကိုမှအကူအညီသွားတောင်း၍လည်းမရ....။

𝚂𝚝𝚞𝚍𝚎𝚗𝚝 𝙾𝚏 𝙶𝚘𝚍 🤎Where stories live. Discover now