Unicode
"JK JK !!! အပေါက်ဝမှာ Jimin မူးလဲနေတယ် !!!! "
အိမ်သာခန်းများ၏အပြင်ကဘယ်အချိန်တုန်းက
ရောက်နေမှန်းမသိတဲ့Taeminကြောင့်
အံ့ဩရလွန်း၍တစ်ကိုယ်လုံးပူထူသွားသည် ။
အမူးစိတ်များပြေပျက်သွားကာ
အပြေးအလွှားဖြင့်Taeminလမ်းညွှန်ရာနောက်သို့
တောက်လျှောက်လိုက်ခဲ့ရသည်။Dance Floor တွင် ကနေသောလူတွေသည်တော့
သူတို့ကိစ္စများစွာအားမသိခဲ့ပါ....။
ဟိုကိုရောက်တော့Clubအဝင်တွင်
လဲကျနေသောပုံစံလေးကိုမြင်လိုက်တဲ့အချိန်သူသွေးပျက်သွားခဲ့ပြီ။သွေးတစစပေနေသောရှပ်အင်္ကျီလေးသည်
လူမြင်ကွင်းတွင်အပေါ်ကိုမြောက်တက်လျှက်....။" JK ! ငါတို့လူနာတင်ကားခေါ်ရအောင် မြန်မြန် !! "
ပုံစံလေးအားငေးကြည့်နေရာကသတိပေးစကားဆိုလာသည့်
Taemin ကို သူခေါင်းပဲညိမ့်ပြနိုင်သည်။လဲကျနေသောလူတစ်ယောက်ကိုကြည့်နေရုံကလွဲဘာမှမလုပ်နိုင်တဲ့အထိကို
သူသည်ငတုံး....။
သူငယ်ချင်းဖြစ်သူကစိတ်မရှည်တော့သူ့ဘောင်းဘီအိပ်ကပ်အတွင်းကဖုန်းကိုအလွယ်တကူပင်ယူလိုက်ကာဆေးရုံကားခေါ်သည်။" ငါတို့သူ့ကိုအရှေ့ကိုသယ်သွားကြရအောင်....
ကားစောင့်ရမှာဆိုတော့..! "" အင်း အင်း "
သူ့ အဖြေကိုရသည်နှင့်Taeminက မျက်စိရှေ့က
ကိုယ်လုံးငယ်လေးအားပွေ့ချီဟန်ပြင်သည် ။
မဖြစ်ပါ....။
jeon jungkook ဒီနေရာမှာတော့တုံးအ၍မဖြစ်တော့...။" ပေး ငါ့ကို "
ခပ်တည်တည်ပဲ...သူ့လက်ပေါ်ကJiminသည်
တက်တူးတွေနှင့်လက်ထဲလွယ်လွယ်လေးပင်ရောက်သွားသည်။
ကသိကအောက်ဖြစ်သွားသော်လည်းအရေးပေါ်ကိစ္စမို့လို့
သူတို့အနောက်ကနေစိတ်လျှော့ရင်းလိုက်ရသည်။ခဏအကြာတွင်
Ambulance ကားတစ်စီးရောက်လာပြီး
သုံးယောက်လုံးကိုတင်ကာ
ဆေးရုံဆီဦးတည်ခဲ့ကြသည်....။---
Supermarket တွင် ထယ်ယောင်းလေးအတွက်
ပန်းသီးလေးတွေ ၊ စားစရာမုန့်လေးတွေအားအစုံအဆန်
ခြင်းထဲအပြည့်....။
စတော်ဘယ်ရီအနီရောင်ဖျော့တော့တော့လေးတွေဆီ
မျက်စိရောက်မိတော့နမ်းခဲ့ဖူးသော
နှုတ်ခမ်းလေးအားပြေးမြင်သည်။
YOU ARE READING
𝚂𝚝𝚞𝚍𝚎𝚗𝚝 𝙾𝚏 𝙶𝚘𝚍 🤎
FanfictionAs fate would have it , we are always together... Unicode+Zawgyi