Unicode
Jungkookသည်အဆောင်ပြန်ရောက်သည်အထိစိတ်မတည်ငြိမ်သေး။
သူ့ကိုထိုနေရာကိုခေါ်သွားသောတရားခံtaeminသည်ယခုတွင်တော့အိပ်ရာပေါ်တွင်ဂိမ်းကိုသဲကြီးမဲကြီးဆော့နေသည်...။Companyကြီးရဲ့ဧည့်ခန်းထဲတွင်တစ်ခွန်းမကျန်ပြန်ပြောကာမျက်နှာထားအလွန်တင်းမာသူ၏မျက်နှာလေးကိုခနခနမြင်ယောင်လာတာကြောင့်ခေါင်းကိုတဆက်ဆက်ခါမိသည်..။
ညို့ချက်အားပြင်းလွန်းတဲ့Model ပဲ ။မခံစားနိုင်၍အဆုံးစောင်အဖြူကြီးအားတစ်ကိုယ်လုံးခြုံလိုက်ရင်းအိပ်ရာထက်နစ်မြုပ်မတတ်လှဲချလိုက်သည်..။
ခံစားချက်တွေရောထွေးနေသည် ။ Jeon Jungkook တို့ကထိုလူ့ရဲ့မျက်လုံးလှလှတွေအပေါ်မှာအကြိမ်ကြိမ်အတိုင်းလိုပါပဲ..."အဲ့တာမင်းကြောင့် Taemin ! "
စောင်ပုံကြီးထဲမှလှမ်းအော်နေသောjungkookကို ဂိမ်းဆော့နေရင်းမှတစ်ချက်လှမ်းကြည့်မိသည် ။
ဟိုနေရာကပြန်လာကတည်းကကုတင်ပေါ်မှာငုတ်တုတ်ထိုင်ပြီးခေါင်းတွေတခါခါ နဲ့ကောင်သည်အခုမှသူ့ကိုလာအော်နေတာ ။
ဆက်ကြည့်မနေတော့ပဲဂိမ်းကိုအာရုံပြန်စိုက်လိုက်သည်..။တစ်ခါတလေသူတို့နှစ်ယောက်သည်လည်းတစ်ယောက်ပြောသောစကားများကိုကျန်တစ်ယောက်ကနားမလည်နိုင်ပါ...။
------
"ဒါဆို jimin ssi confirmတာသေချာပြီပေါ့..."
"ဟုတ်ကဲ့ သေချာပါပြီ ။ ရိုက်တာကတစ်ရက်တည်းမလား ။ ကျွန်တော်လည်းအားတယ်ဆိုတော့ရပါတယ် ။"
မျက်စိရှေ့ကmodelလေးသည်နတ်သားလေးလိုအရောင်တွေတလက်လက်...။
စိတ်မထိန်းနိုင်ပဲပြောလိုက်မိတဲ့စကားသည်..."လှတယ် jimin ssii.."
"ဟုတ်ကဲ့ ကျေးဇူးပါ min yoongi ssi..."
"နာမည်အရင်းကြီးမခေါ်လည်းရပါတယ်ဗျာ..ကျွန်တော်တို့ကအလုပ်တွဲလုပ်ရမယ့်သူတွေပဲကို..."
"Min Yoongi လို့ပဲခေါ်ပါမယ် ။ ခွင့်ပြုပါဦး..."
Model အရိုင်းတုံးလေးသည်သူ့ရှေ့ကထွက်သွားတော့သည် ။
စကားတွေနဲ့ပြစ်ချွေရာတွင်အထူးကျွမ်းကျင်တဲ့သူဟာjiminနဲ့ကျမှအလူးအလဲ..။
ပို၍တောင်စိတ်လှုပ်ရှားသွားသည် ။ဒီလိုmodel လှလှလေးတစ်ယောက်ကသူ့ရဲ့ကြော်ငြာမှာဝင်ရိုက်ပေးမှာလေ...။
ဂျစ်ကန်ကန်ကောင်လေးအားသူသဘောတွေကျသွားတာတော့အမှန်ဧကန် ။
YOU ARE READING
𝚂𝚝𝚞𝚍𝚎𝚗𝚝 𝙾𝚏 𝙶𝚘𝚍 🤎
FanfictionAs fate would have it , we are always together... Unicode+Zawgyi