Unicode
သီချင်းဆိုသံတွေကြားကYoongiကုန်းရုန်းကာထလိုက်သည်။
သူအိပ်တာတောင်မှ
ထိုကလေးအသံကိုကြားယောင်နေတာပဲ။
ပျင်းကြောဆွဲဆန့်ပြီးစားပွဲတင်နာရီဆီအကြည့်ပို့လိုက်သည်။
၈နာရီခွဲကျော်နေပြီ သူ ထတာနောက်ကျနေတာ။လူက
အအိပ်မက်တာကြောင့်လည်းပါမည်။
ပြတင်းပေါက်အပြင်ဘက်တွင်
နေရောင်ခြည်၏အလင်းအပါအဝင် တစ်ရပ်ကွက်လုံး၏
မီးတိုင်များလင်းလက်နေ၏။ရေမြန်မြန်ထချိုးလိုက်ကာ အောက်ထပ်ဆင်းသွားလိုက်သည်။
နိုးနိုးချင်းမြင်တွေ့ရသူတွေသည်
ထယ်ယောင်း နှင့် အန်တီ ဖြစ်သည်။
သူလှေကားမှာရပ်နေတာကိုဖြတ်ခနဲ
လှမ်းမြင်သည့် Taehyung သည် မူရင်းလေးထောင့်ဆန်ဆန်
ပြုံးပြနေတာကိုမြင်လိုက်ရပြီး လက်သွယ်သွယ်ဆွဲခေါ်ရာနောက်
အလိုလိုပင်ပါသွားရသည်။" အစောကြီးနိုးလာတာလား သူဌေးလေး ....
မနေ့ကသားငယ်ကနှိပ်စက်ထားတယ်ဆို ...ဟုတ်လား "ပါးစပ်ထဲရောက်တော့မည့်ဘီစကွတ်မုန့်သည်
သနားစရာကောင်းစွာနဲ့ စားပွဲခုံပေါ်ကြေညက်သွားသည်။
ထမင်းစားပွဲဝိုင်းက လူတွေကပုံမှန်ပါပဲ။
ခုမှနိုးလာတဲ့ ဖြူစုတ်စုတ်စုတ်ဖွားလေးကသာ
မျက်လုံးပြူးမျက်စံပြူး.......။" ဗျ ဗျာ....ဘာနှိပ်စက်တာလဲ အန်တီ ...."
" ခွီ ....."
အူကြောင်ကြောင်လေးဖြစ်နေသော အကိုစုတ်ဖွားရဲ့
ထစ်ငေါ့ငေါ့မေးခွန်းကိုသူကြိတ်ရယ်မိတော့သည်။မေမေက
ဂီတာ တီး ၊ သီချင်းဆိုပြတဲ့အကြောင်းကိုပြောချင်နေတာ။
အကိုလေးသည်ဘာတွေတွေးနေတာတုန်း။" ကဲ ပါ ထားတော့ ..
ဆက်စား ဆက်စား ..သူဌေးလေး .."" ဟုတ် ဟုတ်....."
ခေါင်းသာငြိမ့်လိုက်ရတာ သူ ဆက်စား၍မရတော့။
သူ မတော်တဆပစ်ချလိုက်မိလို့
ကြေသွားတဲ့မုန့်အပိုင်းအစလေးတွေကို ငေး နေ လိုက်သည် ။
ထိုအခိုက် Taehyung သည် အံ့ဩစရာ
စကားထပ်ပြောသောကြောင့်Yoongi မျက်စံလေးများ
တစ်ဖက်ကိုပြန်ရွေ့သွားသည်။" မေမေ ကျွန်တော်ဒီနေ့
အကိုနဲ့အပြင်လျှောက်လည်ချင်လို့ .....
အဝေးကြီးတော့မဟုတ်ပါဘူး ဟိုနားဒီနားတစ်ဝိုက်ပါပဲ ...."
YOU ARE READING
𝚂𝚝𝚞𝚍𝚎𝚗𝚝 𝙾𝚏 𝙶𝚘𝚍 🤎
FanfictionAs fate would have it , we are always together... Unicode+Zawgyi