14.9

91 9 0
                                    

Unicode

" Jungkook မင်းတစ်ကယ်ဝင်မှာသေချာတယ်နော် ...
ဝင်ပြီးရင် တန်းထွက်ပစ်လို့တော့မရဘူး
သေချာဆုံးဖြတ်ပြီးမှလာအသင်းဝင်ပါ ......"

" ကျွန်တော်လုံးဝမထွက်ပဲ
အတည်အသင်းဝင်မှာပါဆရာ "

" ဟုတ်ပါပြီ အဲ့တာဆို မနက်ဖြန်
မနက်၆နာရီကျ
ကျောင်းအားကစားကွင်းမှာဆရာတို့ဆုံကြတာပေါ့ "

" ဟုတ် ကဲ့ပါဆရာ "

ဆရာသည်ခေါင်းညိမ့်သွားကာပြန်မည်အလုပ်
အနောက်သို့ပြန်လှည့်လာပြီး

" မင်းခန္ဓာကိုယ်ကဆော့ဖို့အဆင်ပြေတာတော့ပြေပါရဲ့ ..
ဒါပေမယ့် ကစားဖို့အတွက်သက်လုံကောင်းဖို့လည်းလိုတယ်
ဒါကြောင့် ကျောင်းလမ်းမကြီးရဲ့ညာလက်လမ်းဆုံက
Gym ကို သွားကစားရင် ပိုကောင်းမယ် ....
ဈေးလည်းသင့်တယ် ဆိုတော့ "

" ဟုတ်ဆရာ
ကျွန်တော်အပြန်တစ်ချက်ဝင်လိုက်ပါ့မယ် "

ဆရာပြောသွားသည့် လမ်းဆုံကဆိုင်ကိုသူသိသည်။
သူတို့ကျောင်းမှာ လူငယ်တွေချည်းပဲဆိုတော့ သဘောကျကြမည်အထင်ဖြင့်ဖွင့်ချလိုက်တာ မည်သူမျှမလာတော့ အရင်းမကြာမီ
ပြုတ်တော့မယ့်ဆိုင်ပေါ့။
ထို့ကြောင့်ကျောင်းသားဆိုလျှင် ဈေးကို သင့်တင့်အောင်
လျှော့ပေးလေးရှိသည်ဟုလည်းကြားဖူးသည်။
ဒါလည်း သူတို့ကျောင်းသားတွေမသွားကြ။အကြောင်းမှာ
ဂိမ်းဆော့နေရတာနှင့် ၊ စာခိုးလုပ်နေရသောကြောင့်
ဖြစ်သည်။

တစ်‌မေဂျာလုံးနီးပါး
မျက်မှန်တွေနဲ့။မသိရင် စာဂျပိုးတွေပေါ့။
တစ်ကယ်တော့မဟုတ်......။
စာလုပ်တဲ့သူသည် ကျောင်းသားတွေ၏ သူံးပုံတစ်ပုံတောင်မရှိ။

ထူးခြားတဲ့မျက်မှန်မေဂျာပါပဲ။

....

Taemin ဒီကူညီ စာနာသနားတတ်လွန်းတဲ့
သူငယ်ချင်းကိုလက်မြှောက်အရှူံးပေးလိုက်ရသည်။
Basketball ဆိုတာ တော်တော်လေးခက်တာ။
အလေ့အကျင့်မရှိတဲ့သူဆို မစားသာ၍ရေထဲခုန်ချချင်စရာ။

သူ အလယ်တန်းတုန်းကလက်ယားပြီးဝင်ဖူးတယ်......။

အဲ့တုန်းက ငါကွ ဆိုပြီး မိန်းကလေးတွေရှေ့
Ball ပုတ်ပြလိုက်တာ လက်တစ်ချောင်းလုံးအီသွားပါလေရော။
တစ်ပတ်လောက် လေ့ကျင့်ရုံမသွားနိုင်သောကြောင့်
နည်းပြခမျာ အလံဖြူပြပြီး မကစားတော့လည်းရပါတယ်
လို့ပြောခဲ့သေးသည်။

𝚂𝚝𝚞𝚍𝚎𝚗𝚝 𝙾𝚏 𝙶𝚘𝚍 🤎Where stories live. Discover now