Unicode
အသက်၂၀အရွယ်လူပျိုကောင်နဲ့တွေ့မှ
သူလည်းခြေမကိုင်လက်မကိုင်မိနဲ့ ရူးချင်တာပဲ။°°°°
" ဒီမတိုင်မီခြေထောက်ထိခိုက်မိထားသေးတာလား....."
ကျောင်းဆေးခန်းထိုင်ဆရာဝန်သည်ထိုသို့မေးလာတော့
'ဟုတ်'ဟူ၍တစ်လုံးတည်းသာဖြေလိုက်သည်။
ခြေထောက်ကိုထိခိုက်မိတဲ့ရက်တွေ
ဆက်လာသည်မှာကံနိမ့်နေလို့ပဲထင်သည်။
အနားကမျက်လုံးသေကြီးနဲ့စောင့်ကြည့်နေတဲ့
Taeminဟာလည်းသူထိခိုက်မိတယ်ဆိုတဲ့စကားကြောင့်
မျက်လုံးအသားကုန်ပြူးရင်အမှုစစစ်တော့သည်.....။" အဲ့တာကြောင့်မင်းဟိုတစ်နေ့ကငါ့ကို
တုတ်ချောင်းရှိတာလို့မေးတာလား...ဟမ်...ဟုတ်လားလို့ကွ "" အင်း ...."
ဘာကိုမကျေမနပ်ဖြစ်နေမှန်းမသိတဲ့
သူ့သူငယ်ချင်းသည်
ဆေးရုံကုတင်ပေါ်တက်ကာ
သူ၏ပုခုံးတွေကိုလှုပ်ခတ်တော့သည်။" မင်းဘယ်လိုကျောင်းသွားခဲ့တာလဲ...အနာခံပြီးတော့လား!!!"
ခေါင်းကိုပါဖြောင်းခနဲရိုက်ချလိုက်ချိန်တွင်
အောင့်ခနဲ......။ဆရာဝန်ရော၊သူနာပြုရောဝင်ဆွဲမှ
ကုတင်ပေါ်ကလက်ညှိုးတထိုးထိုးနှင့်ဆင်းသည်။" ငါ့ကိုအမှန်အတိုင်းပြောပါလားကွ...!!
သွားတူလာတူစားတူသူငယ်ချင်းတွေမဟုတ်လား..
မင်းဘာလို့လဲjkရာ ..."သူအနာတရကိစ္စကိုပြီးသွားပြီပဲမှတ်ခဲ့တာ.....။
အမှုမကြီးသွားအောင်လို့။Taeminကိုပြောလိုက်ရင်အကုန်အမှန်အတိုင်းပြောရမှာလေ။သူလိမ်လည်းမလိမ်ချင်ဘူး။
ဒူးခေါင်းနားကအမာရွတ်လေးကို ဒီတိုင်း..အမှတ်တရအနေနဲ့
ဘယ်သူမှမသိအောင်ဖွက်ထားချင်လို့မပြောခဲ့ရုံ။အခု Taemin သည်
သူငယ်ချင်းလို့မသတ်မှတ်လို့လားတွေဖြစ်ကုန်သည်။
သူမရှင်းနိုင်တော့။ရှင်းဖို့အင်အားလည်းမရှိ.....။
ခုနက ပုခုံးကိုလာလှုပ်တုန်းကဆိုရင်တောင်
တွန်းဖို့ဘာအားမှမရှိတာကို.....။ကိစ္စသေးသေးလေးတွေ.....
နောက်မှရှင်းလိုက်မယ် ......။" ပင်ပန်းနေပြီမို့လို့
တခြားလူနာမလာမချင်းဒီမှာနားပါရစေ...
Taemin မင်းလည်းအဆောင်ပြန်အိပ်တော့...
ဒီနေ့အတွက်ကျေးဇူးပဲကွာ......"
YOU ARE READING
𝚂𝚝𝚞𝚍𝚎𝚗𝚝 𝙾𝚏 𝙶𝚘𝚍 🤎
FanfictionAs fate would have it , we are always together... Unicode+Zawgyi