Unicode
ရဲစခန်းဆိုတဲ့နေရာကိုတစ်သက်နဲ့တစ်ခါသွားဖို့
လုံးဝကိုမစဉ်းစားခဲ့တာ အခုကျမှဝဋ်ကျွေးတွေ
အပြုံလိုက်ဆပ်နေရသည် ။
သူ့ရုပ်ကမိုက်မိုက်မဲမဲလူဆိုးရုပ်ပေါက်နေလို့လား...
ရဲအရာရှိတစ်ဦးကတုတ်နဲ့ခနခနရွယ်နေတယ်ဆိုတော့....။ဘေးနားကသူငယ်ချင်းကတော့ရဲတွေကိုသတ်တော့ဖြတ်တော့မယ်ဆိုဒ်အပြည့်နဲ့....။
ဒီလိုပုံစံနဲ့ဟိုကသူ့ကိုလွှတ်ပေးပါဦးမယ် အားကြီးကြီး။"ဒီလိုမျိုးကြီးပဲနေနေတော့မှာလား ဗျာ....
အဆောင်ကနောက်နာရီဝက်လောက်ဆိုပိတ်တော့မှာဗျ..."ခေါင်းဆောင်ဖြစ်ပုံရသောရဲကြီးအားလှမ်းပြောလိုက်တော့
ထောင့်နားကအချုပ်ခန်းထဲမျက်စိပစ်ပြသည် ။
ထိုလှောင်ခန်းကြီးထဲမှာတော့မနေနိုင်...ဘာမှဆက်
မပြောတော့ပဲစိတ်ကိုငြိမ်ငြိမ်လေးထားကာ
ထိုင်နေတာပဲကောင်းပါသည်....။"ကျောင်းသား Jeon Jungkook ရဲ့အုပ်ထိန်းသူရောက်လာပြီစခန်းမှူး...."
အပြင်ဘက်ကလုံခြုံရေးကြီး၏သတိပေးသံကြောင့်
ထိုင်နေသူနှစ်ယောက်လုံးအပါအဝင်ရဲများ
တံခါးဘက်ခြမ်းသို့လှည့်ကြည့်လိုက်ကြသည်.....။ဝင်လာသောယောင်္ကျားတစ်ယောက်သည်
အသက်လတ်ပိုင်းလောက်ဖြစ်လိမ့်မည် ။
တစ်ကိုယ်လုံးတွင်အမည်းရောင်တွေနဲ့ပြည့်နှက်နေကာ
လမ်းလျှောက်လာပုံကသာမာန်လူတစ်ယောက်နဲ့
ကွဲပြားနေတာကိုစခန်းမှူးအကဲဖြတ်မိသည်....။"ကျွန်တော် ကJeon Jungkook ရဲ့
အုပ်ထိန်းသူ..
Park Jimin ပါ..."အံ့ဩသံများစွာနဲ့အခန်းတစ်ခုလုံးဖုံးလွှမ်းသွားသည်....။
ရေသောက်နေရင်းသီးတဲ့သူကသီး..အလုပ်လုပ်နေရာကရပ်သွားတဲ့သူကလည်းရပ်နဲ့ ပွက်လောရိုက်သွားသည်....။
Jungkook ဟာလည်းထိုင်ခုံမှာတင်တောင့်တောင့်ကြီး..
ဘေးကကောင်ကိုမသိမသာကြည့်မိတော့ကံကောင်းစွာနဲ့
သူငယ်ချင်းဖြစ်သူကအိပ်ငိုက်နေသည်....။လူဆိုးကောင်သာသိရင်တစ်ကျောင်းလုံးလိုက်ဖွမှာ
သေချာသည် ။
YOU ARE READING
𝚂𝚝𝚞𝚍𝚎𝚗𝚝 𝙾𝚏 𝙶𝚘𝚍 🤎
FanfictionAs fate would have it , we are always together... Unicode+Zawgyi