Have You Melted?

110 9 2
                                    

Unicode

အဖြူရောင်ထင်းနေသောအလင်းတန်းတစ်ခုက
မျက်လုံးထဲပေါ်လာသောကြောင့်
သူ ကောက်ကာငင်ကာထလိုက်သည်။
အုံးမှိုင်းနေသည့် နံရံ နှင့်အတူ သူ့ရှေ့တွင် ခုံတစ်လုံးရှိနေသည်။

ထို့နောက် သူ့ဆီကို လူတစ်ယောက်သည်
အနားတိုးကပ်လာကာဂုတ်ကနေဆွဲရင်း အသင့်ရှိလျှက်
သစ်သားခုံတွင်ထိုင်စေသည် ။
သူ ပြန်လည်းမရုန်းကန်နိုင် ...ဖြစ်ပျက်နေသော အရာများကိုသာ
မြင်နေရပြီး သူ၏ ခန္ဓာကိုယ်ကတော့ နည်းနည်းတောင်
လှုပ်ရှားလို့မရပါ ။ ဒါ့အပြင် အသိစိတ်သည်လည်း
တစ်ချက် တစ်ချက်ကျ မေ့မျောသွားတတ်သည် ။

မျက်လုံးမပွင့်တပွင့်နှင့်သူ့ကို အင်္ကျီအဖြူစွတ်စွတ်နှင့်လူက
ရေနဲ့ တုံ့ဆိုင်းမှုမရှိလေပဲ ပက် လိုက်တော့
မွန်းသွားကာ ချောင်းတဟွတ်ဟွတ်ဆိုးသည်အထိ ။

အသိစိတ်လည်း ပြန်ဝင်သည့်အချိန်
ထိုင်နေရာမှ လှုပ်ရန်ကြိုးစားသော်လည်း သန်မာစွာ
ချည်နှောင်ထားသော ကြိုးပေါင်းများစွာကြောင့်
အချည်းနှီးသာ ။
ဘယ်တုန်းက ကြိုးချည်လိုက်တာလဲ !

" ငါ့ကိုဘာကိစ္စဒီလိုမျိုး ..! "

လက်ပိုက်ကြည့်နေ‌သူ အဖြူရောင်
စပွတ်ရှပ်နှင့် လူ၏မဲ့ပြုံး‌ကို မြင်လိုက်သည် ။

" နှုတ်တောင်မဆက်ဘူး စိတ်ဓာတ်ပဲ ....."

သူဆေးရုံရောက်နေတာမျိုးမဟုတ် ......။
ထိုလူကလည်းလူငယ်ပုံစံပဲ ။ ခေါင်းထဲ အကုန်ဝင်လာသည် ။
သူ အိပ်နေတုန်း ဆေးထိုးပြီး မူးအောင်လုပ်လိုက်တာ.....
သူအကုန်ပြန်မှတ်မိသည် ။

" ငါ့ကိုပြန်ပေးဆွဲတာလား ...ငါ့မှာ ဘာမှပေးစရာမရှိဘူး
အကုန်ဆေးရုံမှာကျန်ခဲ့တယ် ...."

" အကို Park က တော်တော်လေးသန်မာတာပဲနော် ...
မျက်နှာတစ်ချက်မပြတ် သွေးအေးလိုက်ပုံများ ..."

" မင်းဘယ်သူလဲဆိုတာ ငါသိချင်တယ် ...
ဘာကြောင့်ဒီလိုလုပ်ရတယ်ဆိုတာမျိုးရောပဲ...."

ဟုတ်တယ် သူလိုရင်းကိုမေးရမယ် .......။
ဒါကို လူစိမ်း သည် ရယ်ရင်းရယ်နေတုန်း .......။
ရယ်စရာမပါပဲရယ်တာ သူမုန်းသည် ........။ စိတ်ရှိတိုင်းဆို
သူဆွဲထိုးလိုက်ချင်ပြီ ။

𝚂𝚝𝚞𝚍𝚎𝚗𝚝 𝙾𝚏 𝙶𝚘𝚍 🤎Where stories live. Discover now