Unicode
Maybe it's the way you say my name
Maybe its's the way you play your game...
But it's so goodI've never know anybody like you...
But it's so goodI've never dreamed of nobody like you...
And I've heard of a love that come once in a life timeAnd I'm pretty sure that
you are that love of mine...Ruth B - Dandelions
--------"ကြာလိုက်တာ မလာသေးဘူးလားမင်းတို့ဆရာ..."
စင်ကြယ်နေသောစိတ်ကလေးသည်ကြာကြာစောင့်နေရတာကြောင့်တိုလာချေပြီ...။
သူမေးလိုက်တော့ဝန်ထမ်းမလေးသည်ခေါင်းကိုကုတ်ရင်း"ရှင် အာ...ညီမလည်းမသိဘူး ရယ်...အရင်တုန်းကဆိုရင်တော့စောစောလာပါတယ် အခုကျမှဘယ်လိုဖြစ်လို့..."
"ငါ့ရှေ့မှာခေါင်းလာမကုတ်နဲ့..."
"ဟုတ်ကဲ့ ဟုတ်ကဲ့ ..."
ခေါင်းတဆက်ဆက်ငြိမ့်ပြရင်းသူ့အနားကထွက်သွားလေသည်..။
ကောင်းတယ် ဝန်ထမ်းတွေရော ဆရာရောအလုပ်ကိုဘယ်လိုလုပ်နေမှန်းကိုမသိ...။ထိုင်နေတဲ့ခုံလက်တန်းကိုတတောက်တောက်ခေါက်ရင်းစောင့်နေလိုက်သည်..။
ချိန်းထားပြီးသားကိစ္စကိုဖြတ်ရအောင်လည်းသူအရူးမဟုတ် ။-------
"Driver မြန်မြန်မောင်းပါဗျာ..."
နှေးတုံ့နှေးတုံ့နဲ့ကားမောင်းသမားကိုသူအိမ်ကစထွက်ကတည်းက
ငြီးတွားနေရတာအခုထိကိုပဲ ။
လူကလည်းကားနဲ့ပက်သတ်တဲ့ရောဂါအခံလေးရှိတာကြောင့်ငြိမ်နေရတာ...။
ဒီတိုင်းဆိုတက်မောင်းပြီးလိုရာကိုအေးဆေးသွားလို့ရပြီ ။"ဆရာက ကားကိုဖြည်းဖြည်းမောင်းလို့မှာထားလို့ပါ..."
"ကျစ် !"
အဖေသည်နေရာတကာလိုက်ကြပ်သည် ။
ကားမမောင်းခိုင်းရုံတင်မကကားမောင်းသမားကိုပါဖြည်းဖြည်းမောင်းဖို့ပြောထားတာ..။
ဖွံ့ဖြိုးဆဲcompanyကြီးတစ်ခုရဲ့Ceoသည်နိုင်ငံခြားကအဖေ့ရဲ့ထိန်းချုပ်မှုအောက်မှာရောက်ရှိနေတယ်ဆိုတာလူသိရင်ရှက်စရာအတိ...။ပြန်လည်းမပြောရဲပါ ။သူ့ဘဝသည်လုပ်ဆိုလုပ် မလုပ်ဆိုမလုပ်နဲ့
ဆိုတဲ့အရာတွေတွင်လည်ပတ်နေတာကို...။
YOU ARE READING
𝚂𝚝𝚞𝚍𝚎𝚗𝚝 𝙾𝚏 𝙶𝚘𝚍 🤎
FanfictionAs fate would have it , we are always together... Unicode+Zawgyi