Unicode
ကျောင်းဆင်းချိန်ညနေ၄နာရီအတိတွင်Taeminနဲ့အတူ
Club သို့ သွားဖို့ပြင်ဆင်ပြီးနေပြီ။
ဗီရိုထဲ အတင်းထိုးသိပ်ထားသောအင်္ကျီအပါအဝင်ဘောင်းဘီ
တစ်ထည်ကိုမဝတ်စဖူးသူဝတ်ဆင်ထားသည်။
Taemin သည် ဘောင်းဘီအတိုခပ်ပွပွနှင့်ပါးပါးလျားလျားအင်္ကျီတစ်ထည်ကိုဝတ်ထားတော့ငယ်ငယ်ရွယ်ရွယ်လေးအတိုင်း...။သူ ၏ပုံစံဖြင့်ယှဉ်တွဲလိုက်ရင်အလွန်ကွဲကွဲပြားပြားထွက်နေတာကြောင့်အလိုလိုနေရင်းမနာလိုမှုဖြစ်မိသည်။
ကိုယ်တိုင်ကလည်းဒီလိုမည်းမည်းသဲသဲကြီးတွေကိုမှ
သဘောကျတာမို့နုလိုက် ၊ ယွလိုက် လိုက်လုပ်၍အဆင်မပြေနိုင်..။
ထို့အတွက်ကြောင့် စိတ်လေးဖြေလျှော့လိုက်ကာ...
ကိုယ့်စတိုင်နဲ့ကိုယ်ပဲပေါ့...။" လာပြန်ပြီ အမည်းရောင်ကြီးမုန်းဖို့ကောင်းလိုက်တာ..."
" မင်းမုန်းလည်းငါကဂရုမစိုက်ပါဘူး..
ငါတို့ကအခင်ဆုံးသူငယ်ချင်းတွေပဲကို..."ဘယ်လို အသဲယားစရာဖြစ်ညှစ်ပစ်လိုက်စရာ ...
ခန္ဓာကိုယ်သာမျှရင်ဆောင့်ကန်ပစ်ချင်စရာကောင်မျိုးနဲ့သူငယ်ချင်းတော်ထားရတော့လည်းသူနု ၊ ကိုယ်နု ...။ဟို က ရင့်ရင့်သီးသီးဆိုရင်တော့
ဒီ က Lee Taemin ဟာ လက်မြှောက်အရှုံးပေးရတာ
သိပ်တော့မဟုတ်သေး ။
Jungkook သည် သဘောတော့ကောင်းပါသည် ။
ဒါကြောင့်လည်း သူသည်းခံပြီး သူငယ်ချင်းလုပ်နေရတာ လေ ။
အင်း သေသေချာချာကြည့်ရင်တော့
ငါက ရုပ်ပိုသန့်ပြီးစိတ်အလွန်မွန်မြတ်တာပေါ့ နော်....။"သွားကြမယ်လေ
ဘာမဟုတ်တာတွေတွေးနေတာလဲ Taemin...! "" မင်းကငပေါ ကောင် ပဲ တစ်ကယ့်ငပေါ ဟား ဟား "
ပြောပြီးပြီးချင်းခြေသွက်သွက်ဖြင့်
လမ်းမပေါ်ထွက်ပြေးရတော့သည်။
အစခံရတဲ့ Jk ကတော့ အနောက်ကနေ စလိုမိုးရှင်းနဲ့
လမ်းလျှောက်လို့ကောင်းနေတုန်း....။ငါကံကောင်းသွားတာပဲ။
လှိုက်လှိုက်လှဲလှဲဖြင့်Club၌မီးရောင်စုံများကကြိုဆိုနေသည်။
ပထမဆုံးမဟုတ်...ဒုတိယရောက်ဖူးခြင်းအတွက်
စိတ်လှုပ်ရှားခြင်းတွေဖြစ်မနေ ။
စတင်ဝင်လာတဲ့သူတို့နှစ်ယောက်ကိုတွေ့တော့လူတွေက
ဖယ်ပေးကြသည်။
ကျောင်းသားတွေမို့လို့ထင်တယ်....။
YOU ARE READING
𝚂𝚝𝚞𝚍𝚎𝚗𝚝 𝙾𝚏 𝙶𝚘𝚍 🤎
FanfictionAs fate would have it , we are always together... Unicode+Zawgyi