4.4

224 24 2
                                    

Unicode

အချိန်တွေကိုနောက်ပြန်ဆုတ်လို့ရဖို့ကိုယ်မျှော်လင့်ပါတယ်
အရာအားလုံးပြန်အဆင်ပြေဖို့အတွက်
ကိုယ်တို့နှစ်ယောက်အတွက် ။

ကမ္ဘာအသစ်ဖန်တီးပေးမယ်လို့ကိုယ်ကတိပေးပါတယ်
ကိုယ်တို့နှစ်ယောက်အတွက်၊မင်းနဲ့အတူ
လောကကြီးအလယ်မှာ ။

Middle - DJ Snake ft.bipolar sunshine

-------

"အန်တီ သကြားနှစ်ထုပ်လောက်ပေးပါ ဗျ..."

မေမေ့အတွက်ကင်ချီလေးသိပ်ပေးရန်သကြားကုန်နေသဖြင့်စက်ဘီးနင်းကာအိမ်နဲ့အလှမ်းဝေးသောဆိုင်လေးကိုသူသွားခဲ့သည်။

"ရော့ သားလေး ရေသောက်ဦးမလား။မင်းကြည့်ရတာတော်တော်မောနေတယ်..."

အန်တီကြီးသည်သူ့အားမေးလာတော့ခေါင်းခါပြလိုက်သည် ။
သူ့အတွက်နှင့်တစ်ဖက်သားအလုပ်ရှုပ်စေမှာကိုမလိုလားပါ ။

သို့ပေမယ့်သဘောကောင်းလှသောအန်တီသည်သူငြင်းဆန်ခဲ့ပေမယ့်ခနအကြာရေခွက်လေးကိုကမ်းပေးလာသည်...။

"ကျေးဇူးပါ..."

ပါးစပ်တွင်စိုသွားသောရေများကိုသုတ်လိုက်ရင်းစက်ဘီးအညိုရောင်လေးဆီကိုပြန်သွားခဲ့သည်...။

"ငါအဲ့ကောင်လေးကို ရှာချင်တယ် ! "

ရုံးခန်းထဲတွင်ပေါက်ကွဲနေသောCEO Min Yoongi ကြီးအားအတွင်းရေးမှူးခမျာခပ်လန့်လန့် ။
ရုံးလာကတည်းကမြင်သမျှလူလိုက်ဆူနေသောceoသည်ဘာတစ်စုံတရာပြသနာမှလည်းမဖြစ်ပါပဲနဲ့...။

"သူ့ရဲ့လိပ်စာကို ငါတို့မသိဘူးလေ။ပြီးတော့အဲ့ကိစ္စကတော်တော်ကြာနေပြီ လေ yoongi ရာ...."

"အခု ရုံးရောက်နေတာ ငါ့ကိုလေးလေးစားစားဆက်ဆံစမ်းhoseok ! "

ငယ်စဉ်ကတည်းကပေါင်းလာခဲ့တဲ့ငယ်သူငယ်ချင်းတွေ ။
ယဉ်ယဉ်ကျေးကျေးခေါ်မိရင်တောင် ရိုးရိုးပဲခေါ် ဘာညာ ဆိုတဲ့သကောင့်သားကအခုမှရိုသေလေးစားခိုင်းနေပြန်သည်...။

"ဟုတ်ကဲ့ CEO Min အဟွန်း..."

"အေး သူ့ကိုရှာကိုရှာမှဖြစ်မယ်။ ငါ အဲ့နေ့ကကိစ္စကိုအခုထိလိပ်ပြာမလုံသေးဘူး။အခြေအနေတွေဘာတွေလူချင်းတွေ့ပြီးမေးမှရမယ်..."

𝚂𝚝𝚞𝚍𝚎𝚗𝚝 𝙾𝚏 𝙶𝚘𝚍 🤎Where stories live. Discover now