Unicode
"Jk ဒါမင်းမလား ! "
"ဘာကြီးလဲ...."
Taeminဖုန်းအားလှမ်းကြည့်လိုက်တော့clubက
လူနှစ်ယောက်ပုံတွေ...။"ရားး jk မင်းတကယ်ကြီးPark Jiminနဲ့တွေ့ခဲ့တာလား ! "
"ဘာတွေပြောနေတာလဲ ငါနားမလည်ဘူးကွာ..."
စိတ်ညစ်စွာဖြင့်ခေါင်းကုတ်လိုက်မိသည်။တစ်ခါတလေကျရင်သူနားမလည်တဲ့စကားတွေကိုtaeminပြောတတ်သည်..။
"ဒီမှာလေ ဒီမှာ သေချာကြည့် ဒီပုံထဲကPark Jimin လက်ဆွဲထားတဲ့ကောင်ကမင်းနဲ့တော်တော်တူတယ် ! "
သေချာကြည့်မိမှခေါင်းထဲclubသွားတဲ့နေ့ကသူ့အားလက်ဆွဲခဲ့တဲ့ကျောင်းသားလေးကိုပြန်မြင်ယောင်လာသည်..။
သူကpark jimin လား ။ မဖြစ်နိုင်တာ အထက်တန်းကျောင်းသားလို့ပြောခဲ့တာမလား...."ကမ္ဘာမှာငါနဲ့တူတဲ့သူတွေအများကြီးပါကွာ..မင်းကလည်း "
"အေး ငါလည်းထင်ပါတယ် ။ မင်းလိုပုံစံနဲ့မဖြစ်နိုင်ပါဘူးလို့ ။ဟိုကမင်းကိုစိတ်တောင်ဝင်စားမှာမဟုတ် ။"
"အဲ့တာကြောင့်ငါ့ကိုလူတွေကလိုက်ကြည့်နေကြတာကိုး..ငါခုမှသိတယ် "
"အဟားဟား နေရင်းထိုင်ရင်းကျောင်းမှာမင်းဆယ်လီဖြစ်သွားတာပေါ့..."
"အေးကွာ ငါလည်းလန့်သွားတာ။အကုန်လုံးကဝိုင်းကြည့်နေတော့ငါအမှားတစ်ခုခုများလုပ်မိသွားလားလို့ "
ဖုန်းကြီးကိုင်ကာတခွီခွီရယ်နေသောtaemin ။
ထို့နောက် သူပြောလိုက်တဲ့စကားကခေါင်းပေါ်မိုးကြိုးပစ်ချလိုက်သလို.."မကြာခင် eunbi မင်းဆီလာတော့မယ် အဟေး "
--------
လောကမှာမဖြစ်နိုင်တဲ့အရာမရှိဘူးဆိုတာယုံတယ်မလား ။
မနေ့ကပြသနာမျိုးစုံဖြစ်နေတယ် ။
ဒီနေ့ကျတော့အရာအားလုံးအေးချမ်းသွားပြန်တယ် ။အပြောင်းအလဲမြန်တတ်တဲ့ သူတို့တွေ ။
ကိုယ့်ဘက်ကအမှားမလုပ်ခဲ့ပေမယ့်သူတို့ကိုပြန်ရှင်းပြရတယ် ။တရားကျဖို့ကောင်းလိုက်တာ ။
အတော်လေးလည်းနားခဲ့ရပြီမို့shopping centerတစ်ခုကိုသွားဖို့ပြင်လိုက်သည်။
အဝတ်အစားကောင်းကောင်းတွေကြိုက်သည် လေ ။
ဗီရိုအကြီးကြီးကိုဖွင့်ချလိုက်ပြီးအထဲကအနံ့အသက်တွေကိုရှူရှိုက်လိုက်သည် ။
အမြဲတမ်းလိုလိုready ပြင်ပေးထားတဲ့အဝတ်တွေပဲဝတ်ခဲ့ရတာကြောင့် ကိုယ့်အကျီကိုရွေးရမည့်အချိန်တွင်ရင်ခုန်နေလိုက်တာ...။
YOU ARE READING
𝚂𝚝𝚞𝚍𝚎𝚗𝚝 𝙾𝚏 𝙶𝚘𝚍 🤎
FanfictionAs fate would have it , we are always together... Unicode+Zawgyi