Unicode
"အားးးးးးးး"
အိပ်နေရင်းခေါင်းသည်တဆစ်ဆစ်ကိုက်ခဲလာသည်။
မနေ့ကသူတော်တော်သောက်ခဲ့တာထင်တယ်...
ကုတင်ဘေးနားရှိရေဗူးကိုဆွဲယူကာမော့ချလိုက်သည်...။ခေါင်းကိုဟိုဘက်ခါ၊ဒီဘက် ခါလုပ်လိုက်တော့တဂျွတ်ဂျွတ်နဲ့အသံတွေမြည်လာသည်။ချက်ချင်းပင်အကြောတွေပြေကုန်သည်..။
လုပ်စရာမရှိတာကြောင့်ခေါင်းအကိုက်ခံကာမနေ့ကဖြစ်စဉ်များကိုစဉ်းစားကြည့်သည် ။
တက္ကသိုလ်ကျောင်းသား ၊ အထက်တန်းကျောင်းသား ဆိုတဲ့အခေါ်အဝေါ်တွေသည်တစ်လုံးချင်းပီပီသသပေါ်လာသည်။
သူသည်မူးလျှင်ကိုယ့်ကိုကိုယ်အထက်တန်းကျောင်းသားဟူ၍အမြဲပြောတတ်တာကိုသိသည်။
ဒါဆိုဘယ်ကတက္ကသိုလ်ကျောင်းသားကပါလာတာလဲ ။"အရေးမပါတာတွေ "
အကျိုးမပေးတဲ့တွေးခေါ်ခြင်းတွေအားအဆုံးသတ်လိုက်ကာရေချိုးသန့်စင်လိုက်တော့သည်။ဆက်တွေးနေမိရင်လုပ်ရမယ့်planတွေပျောက်သွားမည်စိုးသောကြောင့်...။
----------
"jk ဟိုမှာ မင်းကလေးလေးလာတယ်..."
ကိုလာတစ်ဗူးအားဖောက်နေရင်းကလေးဆိုတဲ့အခေါ်ကြောင့်အနောက်ကိုလည်ပြန်လှည့်လိုက်မိသည်...
သူ့ကိုပေါ်တင်လိုက်နေတဲ့ကောင်မလေးသည်စောစောစီးစီးတန်းတန်းမတ်မတ်ကြီးကိုကန်တင်းဘက်ရောက်ချလာတာပဲ ။ခေါင်းတော့ရှုပ်သွားသည်။
စကားတွေတတွတ်တွတ်ပြောတတ်တဲ့အသံတွေကိုမုန်းလိုက်တာ ။"အိုပါး ! "
ကောင်မလေး၏ဆောင့်အောင့်ခေါ်သံကြောင့်လန့်ဖြန့်သွားရသည်...
"ဖြည်းဖြည်းခေါ်ပါ ဟ "
"အိုပါး ကိုမနေ့ကအတန်းဆင်းရင်eunbi ကိုစောင့်နေပါလို့ပြောတယ်လေ ဘာလို့မစောင့်တာလဲ ! "
"နင်ကဘာမို့စောင့်ရမှာလဲ ..ကလေးကကလေးလိုမနေဘူး ။ငါ့ကိုဘာများမှတ်နေလဲ "
"အိုပါး နော် ! "
တဂျီဂျီရစ်နေသောကလေးမ ခမျာနေ့တိုင်းလိုလိုjk ရဲ့အဟောက်ခံရတာသနားစရာပါလားဟုဘေးကပွဲကြည့်နေတဲ့taeminတွေးလိုက်မိသည်။
YOU ARE READING
𝚂𝚝𝚞𝚍𝚎𝚗𝚝 𝙾𝚏 𝙶𝚘𝚍 🤎
FanfictionAs fate would have it , we are always together... Unicode+Zawgyi