"ဖြောင်း ဖြောင်း ဖြောင်း "
မော်ဒယ်Jiminရဲ့စင်ပေါ်တွင်ကြွကြွရွရွနှင့်စနစ်တကျလမ်းလျှောက်ပုံများအားပွဲကြည့်ပရိတ်သတ်အပေါင်းသိပ်သဘောကျပုံရသည်။
လျှာနှင့်နှုတ်ခမ်းကိုတစ်ချက်သပ်လိုက်ပုံတွေ..ဆံပင်တွေကိုဆွဲဖွလိုက်တဲ့ပုံတွေသည်.. Social Media များပေါ်တွင်အလုအယက်ကိုတက်လို့နေသည်။အလှပြနေသောModelလေးသည်သူ့တာဝန်ပြီးဆုံးတော့ပရိတ်သတ်အပေါင်းအားheart signလုပ်ပြရင်းစင်အောက်သို့ဆင်းသွားလေသည်..။ပရိတ်သတ်များ၏ရင်ခုန်သံတွေသည်လည်းထိုခန်းမကြီးအပြင်ဘက်ကိုပေါက်မထွက်တာကံကောင်းတယ်ဟူ၍ပြောရမည်..။
"ရေသောက်လိုက်ပါဦး Jimin "
လက်ခါပြလိုက်ရင်းStylistသေချာဆင်ပေးထားသော
လက်စွပ် တွေ ၊ ဆွဲကြိုးတွေအားအာရုံစိုက်ကာဆွဲချွတ်နေခဲ့သည်..။
တစ်ခါပွဲထွက်တိုင်းဒီလိုအရာတွေဝတ်ရတာလည်းဝဋ်ကျွေးတစ်ခုပါလားလို့တွေးမိသည်...။
ဒီအရာတွေသည်ခန္ဓာကိုယ်ကိုလေးပင်စေတာလေ..။"ဒါပြီးရင်ကြော်ငြာတစ်ခုရိုက်ဖို့ရှိသေးတယ်နော်.."
သက်ပြင်းချမိသည်..။ နားရတာကြာသွား၍လားမသိ..အေးအေးလူလူလမ်းလျှောက်ရတာတောင်သိပ်မောလှတယ်..။
မတတ်နိုင်..ချိန်းဆိုထားပြီးသားကိစ္စမို့ခေါင်းကိုမငြိမ့်ချင်သော်လည်းငြိမ့်လိုက်ရသည် ။"ဒါဆို အမ အပြင်မှာစောင့်နေပါ့မယ်။Jiminပြီးရင်ထွက်လာခဲ့ပါ"
"အင်း အင်း "
ထိုအမထွက်သွားတော့အခန်းထဲသူတစ်ယောက်တည်းသာကျန်ခဲ့သည်...။စိတ်သည်ဘာကိုအလိုမကျဖြစ်မှန်းမသိ တာ...။
ခေါင်းကလည်းနည်းနည်းမူးလာပြန်တယ်..။ဟိုတစ်နေ့က,ကားပေါ်တွင်သူဆေးလိမ်းပေးခဲ့သောကောင်လေးသည်သက်သာရဲ့လား...သူသည်တစ်ဖက်သားကိုဂရုစိုက်တတ်သည့်သူမဟုတ်ပေမယ့်လည်း...ကောင်လေးငယ်သည်Park Jiminရဲ့ ဝန်ထမ်းတွေကြောင့်ဒီလိုဖြစ်ခဲ့တာဆိုတော့သိပ်တော့
လိပ်ပြာမလုံချင်..။အဆင်ပြေတယ်မလား..ပြေမှာပါ ။ ကောင်လေးကသတ္တိသိပ်ရှိတာ..
တဖြည်းဖြည်းကိုယ့်ကိုကိုယ်သုံးသပ်နေရင်း..
အချိန်လွန်နေမှန်းသိလိုက်ရတော့အင်္ကျီတွင်ယာယီချိတ်ထားသောနေကာမျက်မှန်အားယူကာအခန်းထဲကထွက်လာခဲ့သည် ။
YOU ARE READING
𝚂𝚝𝚞𝚍𝚎𝚗𝚝 𝙾𝚏 𝙶𝚘𝚍 🤎
FanfictionAs fate would have it , we are always together... Unicode+Zawgyi