Unicode
အချစ်နဲ့အတူ ခိုးတွေ့မလို့
မင်းတို့ရောလိုက်ချင်လား...။မလိုက်နဲ့...သူကငါ့လူ...။
jungkookဖုန်းချပြီးတာနဲ့ရေချိုးခန်းထဲဝင်ကာကိုယ်လက်သန့်စင်လိုက်သည်။မနက်တည်းကအတန်းမသွားပဲအဆောင်တွင်နှပ်နေတာ...။အခုတော့ အိပ်ရာထက်မှကုန်းရုန်းထကာဟိုလူ့ကိုသွားတွေ့ရမည်...။
Jimin ပေးထားသောလိပ်စာကဒ်ထဲကဖုန်းနံပါတ်သည်companyရဲ့ဖုန်းဖြစ်တာကြောင့်မဆက်ခဲ့...။
ဒါဆို ဘယ်လိုဆက်ခဲ့သလဲ ။ လိုင်းပေါ်တွင် Model Park Jimin ရဲ့ဖုန်းနံပါတ်ဆိုကာရှာဖွေခဲ့သည် ။ ထွက်လာတဲ့နံပါတ်တွေသည်အများအပြား...။
အကုန်လုံးကိုလိုက်ဆက်ကြည့်သည် ။ နောက်ဆုံးကျ...ဖုန်းနံပါတ်သည်အတည်ဖြစ်သွားခဲ့သည်...။အတည်ဖြစ်သွားမှန်းသိတော့copyယူပြီးcontactထဲမှတ်ထားလိုက်တယ် ။ ပြီးတော့ တင်ထားတဲ့ postကို reportထုလိုက်သည်။ဘာရယ်မဟုတ် လျှောက်ပြန့်ကုန်မှာစိုးရိမ်သည် လေ...။
ပျော်သလားဆိုတော့သူလည်းမသိ ။ ဖုန်းဆက်ရမလား မဆက်ရဘူးလား နှင့်ညကအတော်ကြာတဲ့အထိအိပ်မပျော်ခဲ့...။
မနက်တွင်ဘုရားသခင်ထံ၌တောင်းဆိုချက်တစ်ခုပြုရင်း
ထို လူ့ ဆီအကြောက်တရားမရှိဖုန်းဆက်ခဲ့သည် ။ဟိုဘက်က ပြန်ထူးတဲ့အသံကြားလိုက်တော့ထခုန်မတတ် ။
သူထိုမျှလောက်ရူးလွန်းတာပါ...။
ချစ်ကြည်နူးခြင်းစကားလုံးတွေကိုပြောဖို့အတွက်အဆင်သင့်မဖြစ်သေးပါသူမှမသေချာမရေရာသေးတာဘယ်လိုပြောထွက်မှာလဲ...။Park Jimin ရှေ့ရောက်ရင် နုဖို့စဉ်းစားထားသမျှအရာအားလုံးသည်အကုန်ပျောက်ဆုံး...။
မာန နှင့်အညီကြမ်းကြမ်းတမ်းတမ်း၊ဆိုးရွားစွာ ၊ဘုကလန့်ပြောလိုက်ရမှကျေနပ်သည်..။
Jeon Jungkook ဟာ စိတ်နှစ်ခွနဲ့လူ...။ရေချိုး အဝတ်စားလဲပြီးအခန်းပြင်အထွက်လူတစ်ယောက်နဲ့တိုက်မိသည်...။
"Jungkook...ရား ဘယ်သွားမလို့လဲ...! "
Lee Taeminသည်သူ့ကိုမြင်တာနှင့်ပြေးထွက်သွားသော
ကောင်အားစီးထားသည့်ဖိနပ်နှင့်ကောက်ပေါက်လိုက်သော်လည်းအပြေးမြန်လှသောထိုကောင်သည်ထိပင်မထိသွား...။
YOU ARE READING
𝚂𝚝𝚞𝚍𝚎𝚗𝚝 𝙾𝚏 𝙶𝚘𝚍 🤎
FanfictionAs fate would have it , we are always together... Unicode+Zawgyi