Unicode
"ဝင်ခွင့်ပြုပါ ! "
ဆိုဖာပေါ်တွင်အနားယူနေတုန်းဝုန်းဒိုင်းကြဲကာတံခါးဖွင့်လာသောဝန်ထမ်းတစ်ယောက်သည်တစ်ခုခုဖြစ်လာသောပုံ ။
Jiminမျက်လုံးတွေသည်ခက်ထန်သွားသည် ။"ဘယ်လိုဖြစ်လို့ အလောတကြီးလဲငါအနားယူနေတယ်လေ.."
"ဒီcompanyကဝန်ထမ်းသုံးယောက်ကကျောင်းသားတစ်ယောက်ကိုနှိပ်စက်နေတယ်ဆိုတဲ့သတင်းလူမှုကွန်ရက်မှာတက်လာတယ် jimin ။ အဲ့တာ ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲ "
"ဒါရိုက်တာကိုသွားပြောလေ "
Company ရဲ့ ပိုင်ဆိုင်မှု တွေဘာတွေကိုသူတစ်ယောက်တည်းပိုင်ဆိုင်ထားပေးမယ့် တစ်ချို့တာဝန်တွေကျတော့Director နှင့်သက်ဆိုင်သည်...။
အရှေ့ကဝန်ထမ်းသည်ထွက်ပဲပြေးတော့မလိုလို ၊ ကိုယ်ကပဲ သူ့ကိုမဟုတ်တာပြောနေသလိုလို ပုံစံမျိုးဖြစ်နေတာကြောင့်လိုရင်းကိုမေးရတော့မည်...။"အင်း ဘာဖြစ်ကြတာလဲ တစ်နေ့တစ်နေ့မပြီးတော့ဘူးလား ! "
ထိုသို့ပြောလိုက်မှဝန်ထမ်းသည်မှိုရသွားတဲ့
မျက်နှာထားဖြစ်သွားပြန်တယ်။"ဟုတ် ဒါရိုက်တာကြီးကနိုင်ငံခြားခနသွားပါတယ် ။ ပုံမှန်ဆိုဒီကိစ္စကအသေးအမွှားပေမယ့်အခုကဒါရိုက်တာလည်းမရှိတော့..."
"လိုရင်းကိုပြောလို့ ! "
Company ပိုင်ရှင်လေးသည်စိတ်မရှည်တော့ပါ...။ သေးသေးလေးပေမယ့်အဆိပ်တော့ပြင်းလှတာကြောင့်လူတိုင်းလူတိုင်းကြောက်ရသည်...။
ဟိုကောင်လေးကလွဲလို့ ။
"ဟုတ်ကဲ့ ဟုတ် အဲ့တာဖြေရှင်းပေးဖို့ပါ ။ အခု လူတွေကလည်းလိုက်ဖြန့်နေပြီ ။ company ရဲ့ share လည်းတဖြည်းဖြည်းလျော့လာတယ်။အကျိုးတူပူးပေါင်းတဲ့ကြော်ငြာတွေရောပဲ ဗျ "
"အခု ဘယ်လိုဖြစ်သွားပြီလဲ ငါ့ဝန်ထမ်းတွေက "
"ဘာမှတော့မဖြစ်ပါဘူး သူတို့ကိုခေါ်ထားပါတယ် ။ ထိုးခံထားရတဲ့ကောင်လေးကတော့လိုက်မလာပဲခေါင်းမာနေတယ် jimin "
Jimin ၏ မျက်ခုံးတွေပင်လှုပ်သွားခဲ့သည် ။ ငါ့အပေါ်ကိုခေါင်းမာတဲ့သူလောကကြီးထဲမှာနောက်တစ်ယောက်ရှိသေးတယ်လား ။
YOU ARE READING
𝚂𝚝𝚞𝚍𝚎𝚗𝚝 𝙾𝚏 𝙶𝚘𝚍 🤎
FanfictionAs fate would have it , we are always together... Unicode+Zawgyi