10.1

121 15 0
                                    

Unicode

"ငါ့ကိုသတိရလို့ရောက်လာခဲ့တာလား....."

မျက်လုံးတည့်တည့်သို့အကြည့်တွေပို့သွားကာပူနွေးနွေးကောဖီတစ်ခွက်၏အရသာကိုပါးစပ်တွင်တေ့ထားရင်း
အမေးမဟုတ်သောတိတိကျကျစကားကိုဆိုသည်။

မှန်ချပ်တွေနောက်ကရာသီဥတုသည်ယခင်ကလိုလန်းဆန်းမနေတော့....။မိုးများအုံ့မှိုင်းသွားသည်ကြောင့်လူအများသည်လည်း‌မိုးမစိုစေရန်အမိုးအကာစသည်ဖြင့်
တစ်ကိုယ်လုံးအားအလုအယက်ကာကွယ်ကြတော့သည်။

ဆိုင်ထဲတွင်တော့အေးစိမ့်စိမ့်ခံစားချက်တစ်မျိုးရရှိသည် ။

"ဒီတိုင်း...ပျင်းတာလည်းပါပါတယ်..."

"မိုးတွေရွာတော့မယ်...."

တိမ်ညိုနေရာမှမိုးစက်များစွာတို့အမှန်တကယ်ပင်
ရွာချလာသည် ။ ကော်ဖီခွက်လေးနှင့်အပြင်ရာသီဥတုအား
အကဲခတ်နေသောအကိုသည်
ဘာတွေများဆွေးနေရသလဲ....။

" မင်းဗိုက်ဆာတယ်ဆို
ဘာမှလည်းမစားပါ့လား...Taehyung..."

" ဒါတွေမစားတတ်ဘူး ကျွန်တော်က...."

Taehyung စကားကိုအံ့ဩသွားရသည် ။ မစားတတ်ပဲ
သူ့ကိုတစ်ချိန်လုံးထိုင်ငေးနေတာ
ဗိုက်ဆာနေတာတောင်မှလေ....။

‌ခေါ်လာမိတဲ့ဆိုင်မှားသွားပြီ ဟူ၍ ကိုယ့်ကိုကိုယ်
အပြစ်အပုံလိုက်တင်ချလိုက်သည် ။

"အာ...ဆောရီးကွာ ဒါဆိုငါတို့
တစ်ခြားဆိုင်သွားကြ‌မယ်လေ..."

"ရပါတယ်...မဆာတော့ဘူး "

"အဲ့လိုလည်းမဟုတ်သေးဘူးလေကွာ...
မင်းဗိုက်ဆာနေမှာပေါ့..."

"ကျွန်တော်တကယ်ဗိုက်မဆာဘူး အကို "

Taehyung ၏ ပြတ်ပြတ်သားသားစကားသံတွင်
သူပါးစပ်ပိတ်လျက်သား ။
အပြစ်သားတစ်ယောက်လိုခံစားနေရတာ
ပုံမှန်တော့မဟုတ်....။

"အင်း အင်း အဲ့တာဆိုလည်းပြန်ကြတာပေါ့...."

ကားပါကင်ဘက်ကိုသွားရန်အတွက်
ထီးတစ်ချောင်းဖြစ်ဖြစ်လိုအပ်သည်။အဆင်းတုန်းကအေးအေးဆေးဆေးပေမယ့်အခုကမိုးတွေတဖွဲဖွဲနဲ့....။

𝚂𝚝𝚞𝚍𝚎𝚗𝚝 𝙾𝚏 𝙶𝚘𝚍 🤎Where stories live. Discover now