Coincidentally, hundreds of thousands

116 12 0
                                    

Unicode

ခေါင်းစဉ်က တိုက်ဆိုင်ခြင်း ။
ထူးဆန်းသားပဲ သူတို့ရဲ့တွေ့ဆုံမှု
နေရာ တွေက ကွာခြားနေတာ‌တွေရှိတယ် ။
အကြောင်းအရင်းပေါင်းသောင်းခြောက်ထောင်နဲ့
ဖြစ်တဲ့ပြသနာတွေကလည်းကွဲပြားနေကြတယ် ။

အင်မတန်ကျဉ်းလှတံ့လောကကြီးမှာသာမန်လူနှစ်ယောက်
တွေ့တာလောက်ကဘာမှမပြောပလောက်ပေမယ့်
နာမည်ကြီးသူတစ်ယောက်ဖြစ်တဲ့Park Jimin နဲ့ကတော့
ဆန်းကြယ်သွားပြီ။
ခေါင်းထဲအတွေးများစုပြုံထည့်ထားတတ်တဲ့ကျွန်တော့်အကျင့်က
ဘယ်အခါမှပျောက်မလဲ။
စာသင်ခန်းထဲအထိ တိုက်ဆိုင်မှုတွေကိုပြန်စဉ်းစားနေတုန်း ။

ခေါင်းထဲလည်နေတဲ့အရာတစ်ခုရှိတယ် ။
Club က ပြသနာပဲ.....။
ထူးဆန်းလွန်းလို့ကျွန်တော်ခဏခဏတွေးခေါ်မိနေတာ ။
Park Jimin က သူ့ကိုဘယ်လိုသိသွားရသလဲ ။
ပြီးတော့ ဘာကြောင့်ကိုယ်ထိလက်ရောက်ဆွဲထိုးပြီး
ဒေါသထွက်နေသလဲဆိုတာသိပ်စူးစမ်းချင်မိတယ် ။
ထို လူက club ကိုလာခဲ့တယ်ပဲထား..မီးရောင်စုံထဲက
လူအများကြီးထဲသူ့လိုကျောင်းသားကိုဘယ်လို
မြင်သွားရတာလဲ......။

ကျွန်တော့်အတွေး တွေတော်တော်လွန်နေပုံရတယ် ။
သေချာတာက Park Jimin ကိုတွေ့ချင်လွန်းလို့မျှားခေါ်ခဲ့တာ
လုံးဝမဟုတ်ရပါ ။
သူဟာ ကိုယ့်အသားကိုအနာခံ ၊ သူတစ်ပါးကိုဒေါသထွက်စေအောင်လုပ်တဲ့ကောင်မျိုးမဟုတ်ဘူးလေ.....။

ဆရာတွက်ပြနေတဲ့သင်္ချာ ဆိုင်ရာ အမြှောက် ၊
အစား တွေကို
ဘေးဖယ်ထားကာ
ဆက်ပြီး‌စုံထောက်လုပ်လို့ကောင်းနေသည် ။

စက္ကန့်ပိုင်းအကြာတွင် ဆရာ၏ဆဲဆိုသံကြီးက
သူ့နားစည်လာထိခတ်သွားချိန်
အတွေးစတို့လေဟာနယ်ထဲလွင့်ထွက်သွားသည် ။

" Jeon Jungkook! မင်းအမှတ်တွေကိုမင်းမသိတာလား
မသိချင်ယောင်ပဲဆောင်နေတာလား...
နှစ်စတုန်းကငါ့တပည့်တော်လှချည်ရဲ့ဆိုပြီး လူတကာရှေ့
ချီးကျူးထားရတာကိုမှမထောက်
အခုမင်းဘာတွေခေါင်းထဲထည့်နေလဲ...."

ဆရာကသူ့ကိုပဲမျက်စိထောက်,ထောက်ကြည့်ပြီး
ပြောနေတော့ရှက်တော့လည်းရှက်တာပေါ့ ။

𝚂𝚝𝚞𝚍𝚎𝚗𝚝 𝙾𝚏 𝙶𝚘𝚍 🤎Where stories live. Discover now