8.8

143 15 1
                                    

Unicode

ဆေးရုံကဆင်းရမယ့်နေ့ကိုရောက်လာပြီ။နှစ်ရက်လောက်ကြာအခန်းထဲမှာတစ်ကမ္ဘာနေရတော့အပြင်လောကကိုမေ့တေ့တေ့။
ကုတင်ပေါ်ကအိပ်ရာခင်းများအားသေချာခေါက်သိမ်းပြီးထိုင်ခုံတွင်အကြောင်းမရှိထိုင်လိုက်မိသည်။
ကုတင်ဘေးနားစားပွဲသေးသေးလေးအပေါ်တွင်ပန်းအိုးသေးသေးလေးတစ်အိုးရှိသည်..ဒါ့အပြင်ရေခဲသေတ္တာထဲတွင်လည်းမကုန်သေးသောပန်းသီးလေးတွေရှိသေးသည်...။

ဒီအခန်း‌ထဲကအရာများသည်အမှတ်တရတွေဖြစ်‌တာတော့
သေချာသည်။ဆေးရုံဆိုတာနိမိတ်မကောင်းမှန်းသိပေမယ့်လို့အကိုနဲ့သာဒီလိုမျိုးအမှတ်တရများစွာဖန်တီးရင်းနေထိုင်ရရင်တစ်သက်လုံးလည်းရတယ်...။
သို့သော် ဒါတွေသည်ကြာရှည်မခံနိုင်ပါ..သူသည်ရွှေပေါ်မြတင်ထားတဲ့လူလည်းမဟုတ်ပဲ..လုပ်ကျွေးစရာမိခင်တစ်ယောက်လုံး
ရှိတယ် လေ..။ပြောသာမပြောတာ အမေ့ကိုလွမ်းလို့တိတ်တိတ်လေးငိုခဲ့ရတဲ့အချိန်တွေဆက်မရှိနေတော့ပဲအိမ်ပြန်ရတော့မှာမို့သိပ်ကြည်နူးရပါသည်။

အခန်းအပြင်ဘက်မှအသံတစ်ချို့ကိုကြားလိုက်ရတော့မှ
ထိုင်ခုံတွင်အတွေးများနေတဲ့သူသည်‌ဆက်ခနဲထလိုက်သည်။အကိုသည်ဒီလိုထိုင်ဆွေးနေတာမျိုးလုံးဝမကြိုက်သူဖြစ်သောကြောင့်...။

"Taehyung ssi အဆင်သင့်ဖြစ်ပြီဆိုသွားကြရအောင်..."

တံခါးဖွင့်လာသူသည်အကို့အသံနှင့်တူသယောင်သာဖြစ်နေ
ပေမယ့်..တကယ်တမ်းလည်းအကိုမဟုတ်ခဲ့...။
သူအခုချိန်တွင်အံ့လည်းမအံ့ဩတော့ပါ...။
အကြောင်းသိပြီးသားပဲလေ ။

"အာ...ဟုတ် သွားကြတာပေါ့ "

ထုတ်သာမပြောခဲ့တာ..မေးချင်တဲ့စိတ်လေးသည်အတွေးထဲ
နေရာယူနေပြန်သည်...လိုက်ပို့ပေးတဲ့သူကိုတစ်စုံတစ်ယောက်
ဖြစ်စေချင်တာ..တကယ်ပဲ ။

အပြန်လမ်းတွင်
hoseok hyungသည်ဟာသတွေမနားတမ်းပြောနေတော့
သူလည်းလိုက်ရယ်မိသည်...။
ဖြေသိမ့်မရတဲ့စိတ်‌ကိုခနပစ်ထားလိုက်တာ...အိမ်ရောက်တော့
အမေ့ကိုထွေးပွေ့လိုက်ရင်းသူအတိုးချငိုနေမြဲပါပဲ...။

𝚂𝚝𝚞𝚍𝚎𝚗𝚝 𝙾𝚏 𝙶𝚘𝚍 🤎Where stories live. Discover now