15.1

95 9 0
                                    

Unicode

" ဒီဆိုင်မှာလူတအားနည်းတယ်...
ကျွန်တော်ကအသစ်ဆိုတော့ တစ်မျိုးကြီးပဲဗျာ ...."

နားထဲထိုးဖောက်မတတ်စကားအသံသည်ချွဲအီအီပုံစံမျိုး
ဖြစ်မနေပဲနဲ့ ရင်ကိုဗလောင်ဆူအောင်လုပ်နိုင်သည်။
ဘယ်လောက်ပဲဒေါသထွက်တယ်ပြောပြော
ရင်ဘတ်ကတော့ညာမရ။ထိန်းမရအောင်
ထိုအကောင်ပေါက်ဟာခုန်နေတာပါ......။

ပြောတဲ့စကားလုံးထက် လူကိုပိုစိတ်တိုသည်။
အသစ်ဖြစ်ဖြစ်မဖြစ်ဖြစ် သူ့အပူမဟုတ်.......။
Park Jimin ကို သူက တစ်ချက် အီပြလိုက်ရုံနဲ့
ခေါင်းအဆင်သင့်ညိတ်တဲ့လူထင်နေတာ။
ထင်သလောက်မလွယ်ဘူး jungkook ရဲ့ ။

" နည်းတယ် ? နည်းရင်ပိုကောင်းတာမဟုတ်လား "

Park Jimin ကိုနဂိုတည်းကလျှော့မတွက်ခဲ့။
ထက်မြက်တဲ့ယောင်္ကျားတစ်ယောက်ဖြစ်တာမို့
မေးခွန်းမျိုးစုံနဲ့ခနဲ့မှာပဲ......။
အဲ့လိုဒဏ်တွေခံနိုင်အောင်လေ့ကျင့်ပြီးမှ ဒီလူကို
လာပက်သတ်ဖို့ဆုံးဖြတ်ထားတာ။

သူရစ်ရင် ကိုယ့်ရဲ့အားသာချက်ဖြစ်တဲ့
မျက်နှာချိုချိုကိုထုတ်သုံးမယ်။ဒါပါပဲ အတ္တတွေ ၊ ဂုဏ်ရည်
တွေသိပ်ထည့်တွက်မနေဘူး။

" ဘယ်ကောင်းမလဲ ကျွန်တော်ကbeginnerလေ
သင်ပြပေးမယ့်သူ အဖော်မရှိ‌တော့ပျော်စရာမကောင်းဘူး "

" အဲ့တော့ငါကဘာလုပ်ပေးရမှာလဲ "

" ဘာမှမလုပ်ပေးပါနဲ့ ဒီတိုင်းပြောပြတာပါ......"

ပြောစရာလည်းမရှိပဲနဲ့အနားမှာရစ်သီရစ်သီလုပ်နေပြန်၏။
ခုနကကိစ္စကိုသတိထားမိသော
ကောင်တာမှမိန်းကလေးများသည်ကွက်ကြည့်ကွက်ကြည့်။
ကိုယ်ပျောက်လူသားလိုသတ်မှတ်ပြီး
စားပွဲတွင်လာချထားပေးသောစာရွက်တွင်လက်မှတ်ထိုးရန်
လုပ်နေတုန်းရှိသေး။

" ဘာလဲ ဒီအရူးကောင်ကိုကြောက်နေတာလား......"

ရင်ဘတ်ကြီးအားလက်နှင့်သူ့ကိုယ်သူထိုးကာ
မျက်လုံးဝိုင်းကြီးတွေသည် ချစ်စရာမကောင်းနေ.....
မုန်းစရာအမျိူးအစားလေး.......။

သူကြည့်‌မိသွားတာ ခဏလေးပါ......။

ထပ်ပြောသည့်စကားကြောင့်
မျက်လုံးချက်ချင်းလွှဲပစ်လိုက်သည်......။

𝚂𝚝𝚞𝚍𝚎𝚗𝚝 𝙾𝚏 𝙶𝚘𝚍 🤎Where stories live. Discover now