Pride

280 30 0
                                    

Unicode

"ချလက် ချလက်"

ကင်မရာတဖျက်ဖျက်ရိုက်သံတွေနဲ့အတူPark Jiminဟာposeများစွာပေးနေသည်...။

ဆံပင်တွေကိုသိမ်းကြုံးထားသောကြောင့်မျက်နှာသည်ကြည်လင်ရှင်းလင်းနေသည် ။
အကျီလက်ပြတ်ကိုဝတ်ဆင်ထားသည် ။
ရိုက်ကွင်းကသူများ၏ချီးကျူးသံတွေကိုနေ့စဉ်ကြားရသည်..။
အသားအရေလှသည်တဲ့‌ လေ ။

လည်ပင်းတွင်ငွေမျှင်‌ရောင်ဆွဲကြိုးလေးဆွဲထားသေးသည် ။
တလက်လက်နှင့်...။

"ဘေးကိုနည်းနည်းစောင်းပေး ပါ "

သူဘေးကိုစောင်းလိုက်သည်...။

ကင်မရာမန်းမှလက်မထောင်ပြသဖြင့်သူတို့ရိုက်ကွင်းသည်ပြီးဆုံးသွားကြောင်းသိရသည်...

"ပုံတွေကြည့်ဦးမလား jimin.."

"တော်ပါပြီ "

သူငြင်းလိုက်သည် ။
ကိုယ့်ပုံကိုမကြည့်တတ်ပါ ။ အဆင်ပြေနေမှန်းသိတာကြောင့်...။

"Ok လေ အဲ့တာဆိုညနေမှပြန်တွေ့ကြတာပေါ့..."

လှန်တင်ထားတဲ့ဆံပင်တွေအားအရှေ့ကိုပြန်ချရင်းခေါင်းညိတ်လိုက်သည် ။

"ညီမရေ jimin ကို ညနေအတွက်အဝတ်အစားတွေကြိုပေးထားလိုက်ပါဦး ...! "

"ဟုတ်ကဲ့ ဟုတ်ကဲ့ "

ကောင်မလေးသည်အလျင်အမြန်‌ပင်ပြေးလာကာ
လက်ထဲကဝတ်စုံကိုသူ့အား,ပေးလာသည် ။

"အင်း ခွင့်ပြုပါဦး ..."

------

"ဒါဆို မင်းကတကယ်ကြီးPark Jimin နဲ့ဆုံခဲ့တာပေါ့ ! "

မျက်လုံးပြူးမျက်စံပြူး‌ဖြစ်နေသောtaeminကိုသူဆွံ့အသွားရသည်..။
Jimin ဆိုတဲ့သူနဲ့ဆုံတာကိုအဲ့လောက်တောင်အံ့ဩစရာလား ။

"အေးလေ ဘာဖြစ်နေတာလဲ အလန့်တကြားနဲ့..."

"Jk တို့များ ကံဇာတာတွေတက်နေတာ ။အလှလေးနဲ့တောင်ဆုံတယ်.."

"ချီးတွေပြောနေတာလား ! တော်လိုက်တော့..."

"မင်းကအဲ့လိုကွိုင်သွားရှာတော့သူကဘာမှပြန်မပြောဘူးလား .."

𝚂𝚝𝚞𝚍𝚎𝚗𝚝 𝙾𝚏 𝙶𝚘𝚍 🤎Where stories live. Discover now