အရွယ်တစ်ခုရောက်လာတဲ့အမျှရယ်ချင်တိုင်းရယ်လို့မရတော့သောသူ။မိဘနှစ်ပါးရဲ့သဲသဲလှုပ်ချစ်တာကိုခံခဲ့ရပြီး မထင်မှတ်တဲ့အရာတွေကသူတို့မိသားစုအပေါ်ရောက်လာတဲ့အခါ ။
ဘဝသည်ပျောက်ကွယ်စပြုလာတော့မှာလား.....။မဖြစ်ပါ သူပျောက်ကွယ်သွား၍မရ ။
အချစ်ရဆုံးမေမေရှိသေးတယ်လေ။ ဖြစ်နိုင်ရင်
ဘယ်သူတစ်ဦးတစ်ယောက်ကိုမှမဆုံးရှုံးစေချင် တော့ပါ...။မေမေသည် စိတ်ကျရောဂါကိုကြိတ်မှိတ်ခံစားနေရသည်။
ဘယ်အချိန်ကတည်းကခံစားနေရလဲတော့မသိ ။
အထက်တန်း ရောက်မှသာမေမေ့ရောဂါသည်ပိုမိုသိသာလာတာကြောင့်ရောဂါတစ်ခုရှိနေမှန်းသိခဲ့ရသည်။စိတ်ကျတာတဲ့။
ဒီရောဂါကလူကိုအဲ့သည်လောက်တောင်ထိခိုက်စေနိုင်တာလား။
ဆရာဝန်ကပြောတယ် ..
" အဲ့ရောဂါကိုပျောက်ချင်ရင်စိတ်ကိုအတတ်နိုင်ဆုံးထိန်းပြီးမေ့သင့်တာတွေမေ့လိုက်ပါ "မေ့ချင်တိုင်းမေ့၍မရတဲ့ဝေသနာတွေမေမေ့တွင်ရှိနေပါသည်။
မမေ့နိုင်လွန်းလို့အခြေအနေသည်တဖြည်းဖြည်းဆိုးရွားလာသလိုလို.....။လမ်းသည်မြေပြင်မညီတာရောကျောက်စရစ်ခဲတစ်ချို့ရှိနေတာကြောင့်သူစက်ဘီးကိုတွန်းကာအိမ်ပြန်ရတော့သည်....။
မိခင်ဖြစ်သူကိုတစ်ယောက်တည်းကျွေးမွေးစောင့်ရှောက်တဲ့သူကဒီလောက်ကတော့မပြောပလောက်ပါဘူး....။"ကျွတ် ကျွတ် "
အနောက်ကအသံတစ်သံကြားလိုက်ရတာမို့ခြေလှမ်းတွေသည်ရပ်တန့်သွားသည်။လှည့်တော့မကြည့်သေး။
နားအရင်စွင့်ရသေးသည်။ညနေကစောင်းချင်သလို ဖြစ်လာပြီ ။ သူခိုး ဂျပိုးတွေဖြစ်ရအောင်လည်းသူဒီလမ်းကအမြဲသွားနေကြ။
မကောင်းကြံတဲ့သူရှိရအောင်လည်းသူသည်ဘယ်သူနဲ့မှသိပ်စကားမ ပြောပဲအေးအေးချမ်းချမ်းနေတတ်တဲ့သူ ...။"ဂျွတ် ဂျွတ် "
ဒါ သစ်ရွက်ခြောက်တက်နင်းထားတဲ့အသံ သူကောင်းကောင်းကြီးသိသည်။သူခိုးဆိုရင်ဖမ်းရမယ်ဟုဆုံးဖြတ်ရင်း
စက်ဘီးကိုဒေါက်ထောက်လိုက်သည်။
YOU ARE READING
𝚂𝚝𝚞𝚍𝚎𝚗𝚝 𝙾𝚏 𝙶𝚘𝚍 🤎
FanfictionAs fate would have it , we are always together... Unicode+Zawgyi