Unicode
အရာအားလုံးဟာပျော်ပျော်ရွှင်ရွှင်ပါပဲ။စိတ်ထင့်နေတာက
သူတစ်ယောက်တည်းသာ။ရောက်တုန်းကတွေ့ခဲ့သောပုံရိပ်အားမျက်လုံးထဲကဖျောက်လို့ကိုမရ...။
စိတ်ထင့်တာတွေရော၊စိတ်ညစ်တာတွေပါရောထွေးသွားတော့ဘာလုပ်လုပ်မပြီးမြောက်တော့..။ခရီးထွက်လာတာ..သူတစ်ယောက်တည်းသာမပျော်ရွှင်ပဲကံဆိုးမှုကြီးထဲရောက်လို့နေတာ..။ပထမနှစ်ကမိန်းကလေးတွေသည်ထင်ထားတဲ့အတိုင်းသိပ်
ကဲလွန်းပါသည်။မနက်နေထွက်ချိန်တွင်ထိုစပ်စလူးမလေးတွေရဲ့အခန်းရှေ့မှအော်သံတွေစကားပြောသံတွေသည်နမိတ်ဆိုးဖြစ်ကောင်းဖြစ်လိမ့်မည်...။Lee Taemin သည်စိတ်ကိုလျှော့ထားရန်တဖွဖွပြောသော်လည်းဒေါသပါသောစိတ်ညစ်မှုမျိုးသည်လျော့မသွားခဲ့။
ဆံပင်တွေကိုခပ်ကြမ်းကြမ်းအနောက်သို့လှန်တင်ရင်းအခန်းတံခါးအားဆွဲဖွင့်တော့..မမြင်ချင်လှသောကလေးမျက်နှာကိုတွေ့လိုက်
ရသည်။"မင်္ဂလာပါနံနက်ခင်းပါ jungkook oppa ရေ "
"ဘာလဲ..ဘာလာလုပ်ပြန်တာလဲ မနက်အစောကြီးဒီဘက်မှာ
ယောင်္ကျားလေးတွေပဲရှိတာ..အနေအထိုင်ဆင်ခြင်ဦး ""Oppa တစ်ယောက်လုံးရှိတာပဲ ဟာ.. everything is ok ပါ ဟီးဟီး..."
ရှိသမျှသွားအကုန်ဖြီးလို့ပြနေသောထိုကလေးမကို
ဘယ်လိုနှင်ထုတ်ရမလဲ ဟူ၍ကြိတ်တွေးနေရသည်။ဘယ့် နဲ့..ရည်းစားကြီးတစ်ယောက်လုံးရှိနေတာကို..
ဒီကလေးမငါ့ဆီလာရဲသလား...။"အဖော်မရှိလို့ပါ..oppa ရဲ့..ပျင်းလို့ ပျင်းလို့ ! "
"တော်စမ်းပါ...."
"နောက်၁၀မိနစ်နေရင်..ဟောခန်းဘက်မှာအသင့်စောင့်ပေးကြပါ ကျောင်းသားတို့...! "
လော်စပီကာနှင့်အခန်းတိုင်းအားပတ်အော်နေသောဦးလေးကြီးကိုကျေးဇူးအထူးတလဲတင်ရှိပါတယ် ခင်ဗျာ...။
မျက်စိရှေ့ကအရောင်တလက်လက်ထနေသောအဝတ်အစားများနှင့်ကလေးမသည်မျက်စိတစ်ဖက်ကိုဘာမဆိုင်ညာမဆိုင်
မှိတ်ပြသွားသေးသည်...။"ဟိုရောက်ရင်ထပ်တွေ့ကြမယ်နော် oppa "
ကိုယ့်နှဖူးကိုပြန်ရိုက်မိလိုက်သည်။သူအဲ့လောက်ထိတောင်
ကံဆိုးနေတာလား...ခရီးလေးတော့ကောင်းကောင်းမွန်မွန်ဖြတ်သန်းပါရစေ...။
VOUS LISEZ
𝚂𝚝𝚞𝚍𝚎𝚗𝚝 𝙾𝚏 𝙶𝚘𝚍 🤎
FanfictionAs fate would have it , we are always together... Unicode+Zawgyi