Unicode
အစမ်းလေ့ကျင့်ပွဲနေ့ကြီးသို့ရောက်လာပြီ......။
အစမ်းသာပြောပါတယ်...တကယ့်ပွဲစစ်စစ်ကြီးအတိုင်း
လူတွေအပြုံလိုက်အခဲလိုက်။လူတွေအပြုံလိုက်မြင်ရင်
သူမူးတတ်မှန်းသူ့ကိုယ်သူသိလို့
နဂါးဝင်စားပြီးအိပ်နေတဲ့Taeminအား
ဂိမ်းနဲ့ဖျားယောင်းပြီးနှိုးကာခေါ်လာခဲ့ရသည်။ဆရာကလည်းသူ့အားမြင်သည်နှင့်ဝမ်းသာအားရဖြင့်
လာနှုတ်ဆက်ရင်းနေရာပါချပေးသွားသည်။
ကစားသမားတွေချည်းသီးသန့်ရှိတဲ့နေရာမို့သူငယ်ချင်းကိုတော့
ခေါ်လာခွင့်မရခဲ့။ဖြစ်ချင်တာဖြစ်ပါစေတော့။သူအာရုံစိုက်ရမှာကစားတာကိုပဲ။basketballပွဲတွေ
TVမှာကြည့်ဖူးသည်ကအသုံးဝင်လောက်မည်ထင်သည်။စိတ်တော့လှုပ်ရှားတာပေါ့.......။
လှလှပပMOTIလေးရထားတာပဲ....သူရဲဘောကြောင်လို့မဖြစ်။
Jeon Jungkook ဘဝဟာ အကောင်းဆုံး ၊ အတော်ဆုံး
ဖြစ်ရမည်ဟုကြိမ်းဝါးရင်းကွင်းအလည်ရောက်သွားခဲ့သည်။အမှန်အတိုင်းဆို ဒီကစားသမားများအား
တစ်သက်နဲ့တစ်ကိုယ်မတွေ့ဖူးပေ။ဆရာသည်မေဂျာတစ်ခုတည်းဦးဆောင်ပြီးသင်တာ။ဒီကျောင်းသားတွေနဲ့
သူနဲ့မေဂျာမတူစရာအကြောင်းမရှိ။အဘယ်ကြောင့်
လုံးဝမတွေ့ဖူးရသနည်း။" ကဲ ဆရာက ဝစီမှုတ်လိုက်တာနဲ့စပြီနော် ..."
ဆရာ၏ခရာမှုတ်သံကြားပြီးသည်နှင့်
အပြာရောင်အသင်းနှင့်
အနီရောင်အသင်းတို့ဘောလုံးစတင်လုကြသည်။
တတိယအတန်းတွင်စောင့်နေတဲ့Jungkookဆီ
ဘောလုံးရောက်သွားတော့နေရာအသီးသီးထိုင်နေကြသည့်
ကျောင်းသားတွေတခဲနက်အားပေးကြတော့သည်......။
အိပ်ငိုက်နေတဲ့Taeminတောင်မျက်လုံးပြူးကာ
ယောင်ယမ်းပြီးလိုက်အော်မိသည်။' Red Team 1 , Blue Team 0 '
၃မိနစ်လောက်အကျော်တွင် Jungkookတို့အသင်းဟာ
ဘောလုံးတစ်ခါဝင်သွားခဲ့သည်။အနီအသင်းလည်း
အရှုံးမပေးဘူးဆိုသည့်စိတ်ဓာတ်နှင့်
အကြိတ်အနယ်ကြိုးစားကြသည်။jungkookတို့ဘက်က
အသင်းသားတွေကညီလွန်းတော့သူတို့လည်း
ဘယ်လိုမှလုပ်နိုင်စွမ်းမရှိပေ။
YOU ARE READING
𝚂𝚝𝚞𝚍𝚎𝚗𝚝 𝙾𝚏 𝙶𝚘𝚍 🤎
FanfictionAs fate would have it , we are always together... Unicode+Zawgyi