Unicode
ရပ်ကွက်သေးသေးလေးထဲတွင်
အဖွဲ့သားများနှင့်ပြည့်ကြပ်နေသည်။
Hoseokနှင့်သူသည်ထောင့်ကျကျနေရာတွင်ထိုင်ကာပတ်ဝန်းကျင်ကိုသေချာစူးစမ်းနေကြသည်...။အလာတွင်အတော်ဒုက္ခရောက်ခဲ့ကြသည်...။မြေပြင်မညီညာခြင်းတွေနှင့်နေရာတိုင်းတွေကျောက်စရစ်ခဲများစွာရှိနေခြင်းတို့ကြောင့်...။
မနေ့ကသူဖုန်းဆက်လှမ်းပြောထားသောtaehyungသည်အကြောင်းလည်းမပြန်သလိုရောက်လည်းရောက်မလာခဲ့ပါ ။
မအားတာများလား....။ဒီနေ့မှအပူရှိန်ကတအားပြင်းလွန်းတာကြောင့်ဘာမှမလုပ်ရသော်လည်းပင်ပန်းနေသည်။အဖွဲ့သားတွေလည်းငြီးငြူနေမှန်းသိသော်ငြားလည်းပေကပ်စွာနှင့်ထိုင်စောင့်နေသေးသည်။
"ဟေ့ကောင် အဲ....CEO Min ရိုက်ကွင်းမစသေးဘူးလား ဟင် "
နားနားကပ်ကာလာမေးနေသောjung hoseok သည် ကောင်းကောင်းမွန်မွန်သာမေးနေတာသူ့အားရိုက်ပုတ်ချင်စိတ်တွေဖြစ်နေမှန်းသူကောင်းကောင်းကြီးခံစားမိသည်။
"ငါ စောင့်ဦးမယ် ။ မင်းတို့ ဗိုက်ဆာနေပြီဆိုအဖွဲ့သားတွေနဲ့အတူသွားစားကြ..."
"ပြီးရော ပြီးရော ! "
အဖွဲ့သားတွေအားထမင်းစားရန်အော်နေခဲ့သော်လည်းခေါင်းမာစွာနှင့်Min Yoongi ကြီးသည်အဖက်ပင်မလုပ်ခဲ့...။
သူ့ကိုခေါ်လို့ခေါ်မှန်းလည်းမသိခဲ့။
မတတ်နိုင်တဲ့အဆုံးလူအုပ်စုလိုက်ကြီးနဲ့အတူထမင်းစားရန်ထိုနေရာမှထွက်ခွာခဲ့ကြတော့သည်။"အကို hoseok ! Ceo ကို မခေါ်ဘူးလား "
အုပ်စုလိုက်ကြီးထဲမှကောင်မလေးတစ်ယောက်မေးခွန်းကိုစိဆ်ပျက်လက်ပျက်နှင့်ခေါင်းခါလိုက်သည်။
"သူကသူ့ရည်းစားကိုမျှော်နေတာ "
ကောင်မလေးသည်တကယ်ယုံသွားသည့်ဟန် ။
ဝိုး ခနဲ ဝေါင်းခနဲ ဖြစ်သွားရသည်...။Ceo သည် သူ့ကို ချွန်ထားသည့်သူက
hoseok ဆိုတာကိုသိရင်တော့ သတ်ပွဲတွေဖြစ်ကုန်မလားပဲ...။နေကလည်းအသားကုန်ပူ ။ ဖြူနုနုအသားအရေသည်နေရောင်ဒဏ်ကိုသိပ်တော့မခံနိုင်ပါ ။
တစ်ချိန်လုံး ရုံးခန်းထဲမှာairconနဲ့နေခဲ့တဲ့သူတစ်ယောက်လေ....။
သို့ပေမယ့်လည်း စောင့်ရမည်...။
YOU ARE READING
𝚂𝚝𝚞𝚍𝚎𝚗𝚝 𝙾𝚏 𝙶𝚘𝚍 🤎
FanfictionAs fate would have it , we are always together... Unicode+Zawgyi