Unicode
ဒုတိယထပ်ဝရန်တာတွင်ဆေးရုံဝတ်စုံလေးထဲ
မြုပ်နေသောလူနာလေးရှိ၏။
ပါးစပ်လေးသည်လှုပ်ရှားနေကာတစ်ခုခုအားအလိုမကျပါ ။
ဝရန်တာ၏ဘောင်ပေါ်တွင်တင်ထားသောလက်ကလေးများသည်
အဘယ်ကြောင့်လူနာသေးသေးလေးမျက်နှာနှင့်
မအပ်စပ်ရသနည်း ။
သိပ်ဟုတ်သည် ။ မျက်ခုံးလေးနှစ်ခုသည်ဂိတ်ဆုံးထိ
မျက်မှောင်ကြုတ်ထားလျှက်.....။နာရီဝက်နီးပါးလောက်ထိထိုနေရာမှတစ်စက်တောင်မရွေ့တာမို့
နံရံနားကဂျူနီယာဆရာဝန်လေးသည်တိုင်ပတ်သွားသည်။ဒုတိယအထပ်တောင်မှလေတွေကတဝုန်းဝုန်းတိုက်သည်။
ကိုယ်လုံးငယ်လေးသည်နည်းနည်းတောင်မတွန့်..မချမ်းသွား.....။ဂျူနီယာလေးတောင်အေးစိမ့်သွား၍
နံရံအနောက်နားလေးဆုတ်လိုက်ရသည်။Jimin သည် အပေါ်စီးမှနေကာအောက်ကလူများ၏
လှုပ်ရှားမှုအစုံကိုလိုက်ကြည့်နေတာကလွဲ
ဘာမှမလုပ်.......။
စိတ် ညစ်သည် ။ သို့သော် လူအများရှေ့မဖော်ပြချင်......။
လူတွေသူတွေအရှေ့မှာ Model Park ဟာ
အကြောတင်းတင်း ၊ မိုက်တိမိုက်ကန်း နဲ့ ဘယ်အရာကို
သွေးအေးအေးရှိနေရမယ် ။အပင်မြင့်လေ လေတိုက်လေဟုပြောခဲ့သည့်သူများ
ပါးစပ်ပေါက်ပိတ်သွားနိုင်အောင် Park Jimin လက်အောက်တွင်
ပြားပြားဝပ်စေခဲ့သည် ။
မာန လာပြိုင်ရင်
ပထမဆုရသူက သေချာပေါက်မလွဲ Park Jimin တစ်ဦးတည်းသာ...။" ဟက်......"
မျက်နှာမူထားရာအရှေ့မှအနောက်သို့ပြန်ကြည့်လိုက်တော့
တည့်တည့်ကိုတိုးတာပဲ......။" ဟိုက ဆရာဝန်ကောင်လေး
မင်းငါ့နောက်ကိုStalkလိုက်လုပ်နေတာလား "နံရံနောက်က အရိပ်သည်သူ့ရှေ့ကိုပြောလိုက်တဲ့အထိ
ထွက်မလာသေး......။
ဒီဆေးရုံကဆရာဝန်တွေရဲ့ခေါင်းမာတာကတော့
နရင်းပိတ်အုပ်ချင်စရာပဲ ။
သူနာပြုမ လည်းအဲ့ဒီလိုပဲ.....လာဆိုလာ သွားဆိုသွား
သူ့ကို လာစမ်းရဲသေးကြတာ......။" ထွက်လာစမ်း......."
" ထွက်လာခဲ့လို့ ငါပြောနေတယ်နော်သေချင်လို့လား ..."
YOU ARE READING
𝚂𝚝𝚞𝚍𝚎𝚗𝚝 𝙾𝚏 𝙶𝚘𝚍 🤎
FanfictionAs fate would have it , we are always together... Unicode+Zawgyi