Candy or Medicine ?

143 15 0
                                    

Unicode

ဒီနေ့အတန်းထဲတွင်အထူးအဆန်းဖြင့်အတန်းသားစုံစုံလင်လင်။အကြောင်းအရင်းသည်ကျောင်းအုပ်မှပြောစရာစကားရှိသည်ဆိုသောကြောင့်ပင်။

ကျောင်းရောက်ကတည်းကဝိုးတိုးဝါးတားသတင်းတစ်ချို့လည်းကြားထားပါသေးတယ်...။ Campတစ်ခုအနေဖြင့်နေရာတစ်ခုအားသွားရမည် တဲ့လေ ။

ထိုသတင်းမှန်ကြောင်းမမှန်ကြောင်းအားကျောင်းအုပ်မှမကြာခင်ဆုံးဖြတ်ပေးတော့မည် ။

"ကဲ...ကဲ ဆရာပြောမယ်နော် ကလေးတို့ "

စကားခံနေသောထိပ်ပြောင်‌ပြောင်လူကြီးအားကျောင်းသားများ
စိဆ်မရှည်တော့တဖန်ငြီးသွားသံတွေနဲ့ပြည့်သွားပြန်သည်။

"အဟမ်း...မင်းတို့သိထားတဲ့အတိုင်းပါပဲ ဆရာတို့အေးချမ်းတဲ့သစ်တောတစ်ခုကိုသွားပြီးပျော်ပွဲစားထွက်သလိုမျိုးသွားရမယ် "

တစ်ခန်းလုံးက‌အံ့ဩသဖွယ်မပြုကြတော့ပဲသိပြီးသားဟူ၍
ငြိမ်နေကြသည်..။
ကျောင်းအုပ်ကြီးနှင့်ဆရာသည်မျက်လုံးချင်းစစ်တိုက်နေကြတာကိုလည်းတစ်ခန်းလုံးမြင်ကြသည်။

"အိမ်ကမလွှတ်တဲ့သူတွေဆိုရင်တော့မလိုက်လည်းရပါတယ် ဆရာ့အနေနဲ့ကတော့မင်းတို့ကိုလူငယ်ဘဝရဲ့လွတ်လပ်မှုလေးတွေခံစားရအောင်လို့သွားစေချင်ပါတယ်..."

"Nae..."

ကျောင်းသားများ၏ပျင်းတိပျင်းရွဲ့အသံများကိုအားရသွားပုံရကာ
ပြုံးပြရင်းတစ်ဖက်အခန်းသို့ပြောင်းရွှေ့သွားသည်...။
အခန်းဝတွင်ရပ်နေသောSamကတော့ပေတိပေကပ်ထိုင်နေကြသောသူတို့တွေအားဆူဖို့စောင့်ဆိုင်းနေလျက်ရှိသည်...။

Taeminသည်သူ့တံတောင်ဆစ်အားလာတို့တာကြောင့်မေးငေါ့
ပြလိုက်သည်။

"မင်းလိုက်မှာလားjk..."

‌အမေးထက်လိုက်‌စေရန်တောင်းဆိုနေသော
မျက်လုံးများသည်အဆစ်...။
လက်အုပ်တွေပါချီလာသောထိုကောင်ကြောင့်သက်ပြင်းချရင်းခေါင်းငြိတ်လိုက်ရသည်...။

သူကိုယ်တိုင်တော့တကယ်လိုက်ချင်စိတ်မရှိပါ...။

----

𝚂𝚝𝚞𝚍𝚎𝚗𝚝 𝙾𝚏 𝙶𝚘𝚍 🤎Where stories live. Discover now