Park Jimin is Park Jimin but Jeon isn't

100 12 0
                                    

Unicode

သူဝီရိယဘယ်လောက်ရှိသလဲဆိုရင်မနက်၈နာရီမှ
ဖွင့်မည်gymဆိုင်ကို၁နာရီစောကာကြိုရောက်နေသည်။
ဆိုင်ထဲဝေ့ဝိုက်ကြည့်တော့လူမရှိကြ......။
ထို့ကြောင့် platform ဘေးကခုံတန်းလျားတွင်
သွားထိုင်နေလိုက်သည်။
လောလောနဲ့ထွက်ခဲ့တာ အစာရေစာလည်းဗိုက်ထဲရှိမနေ.....။
ကျောင်းကဆိုင်တွေသည် ပိတ်ရက်ဖြစ်တာကြောင့်
အကုန်ပိတ်ထားကြသည်။ဒါဖြင့်မနက်စာလွတ်ပြီ.....။

ခပ်လှမ်းလှမ်းတွင်ရေးရေးမြင်နေရသောအုပ်စုထံ
မျက်စိရောက်သွားသည်။camera man များလက်သုံး
Camera အကြီးကြီးများဖြင့်......။
တလက်လက်တောက်သွားသောအလင်းတန်းတွေက
အဝေးကသူ့ကိုတောင်မူးဝေစေခြင်း။

ပိုသေသေချာချာမြင်ရအောင် jungkook ထရပ်လိုက်သည်။

အလယ်တွင် မျက်နှာကြောတင်းတင်းဖြင့်ဟိုလူ ......။
Jungkook လှမ်းကြည့်‌မိသွားတာကို မနောစိတ်နှင့်
သိသည်လား။
လျှာထုပ်ဦးထုပ်အောက်ကမျက်လုံးစူးစူးတွေကသက်သေ။
သုံးသပ်ကြည့်တော့မှ အခက်အခဲဖြစ်နေမှန်းသိလိုက်ရသည်။

လူအုပ်ထံပြေးသွားကာ ထိုလူအားအနောက်ပို့...
သူဟာ ဓာတ်ပုံရိုက်နေသောလူအုပ်စုဆီတည့်တည့်မတ်မတ်
ရောက်သွားလျှက်......။

' ဟာာ ဘယ်ကလူတုန်း ...
အာဂျူးရှီးကျေးဇူးပြုပြီးဖယ်ပေးပါ ....!! '

' မဖယ်ရင်အကောင်းနေရမယ်မထင်နဲ့နော်
ဖယ်ပေးပါအာဂျူးရှီးရေ .....!! '

Jungkookသည် ခန္ဓာကိုယ်ကြီးရေခဲကြီးအတိုင်း........။
အနောက်က သူလေးကတော့
မျက်လုံးကလယ်ကလယ်လေးများနှင့်အတူ
ဒီလူတွေဆီကပြေးထွက်ရန်ကြံနေသည်။

" ဘာကိစ္စဖယ်ရမှာလဲ မင်းတို့တွေသူတစ်ပါးကိုနော်....
အကုန်jailထဲထည့်ပစ်မယ် ..ဘာမှတ်နေလဲ ......"

ပါးစပ်ပိတ်အောင်အော်ထည့်လိုက်မှအသံတွေဟာ
ပိုကျယ်လာသည်။အတန်းခေါင်းဆောင်ဖြစ်တုန်းကတောင်
ဒီလောက်မခြိမ်းခြောက်ရ။မိန်းကလေးနဲ့ကျမှပဲ
စိတ်ဓာတ်ပါကျသည်။

" ထည့်ထည့် ပဲထမင်းစားပြီးပုံလေးတွေအဝထိုင်ကြည့်နေမှာ...
အာဂျူးရှီးသာဖယ်ပေး......"

𝚂𝚝𝚞𝚍𝚎𝚗𝚝 𝙾𝚏 𝙶𝚘𝚍 🤎Where stories live. Discover now