Miss

238 25 0
                                    

Unicode

အရာရာကိုတစ်သမတ်တည်းတွေးခဲ့တဲ့ကျွန်တော်က
ထူးခြားနေတဲ့လူတစ်ယောက်ကိုတွေ့ခဲ့ရတာ ။

ရိုးရိုးလေးပဲထင်ခဲ့မိတာ တကယ်ပဲ ။
သာမာန်အရာ ၊
အရေးမပါတဲ့တစ်ခုလို့ထင်ခဲ့တာ‌ လေ ။

ကျွန်တော့်ရဲ့တစ်စိတ်တပိုင်းမှာ ထိုလူကအရေးပါခဲ့တယ်ဆိုတာ
သိမှမသိခဲ့တာဗျာ...။

-------

"မေမေ..."

Wheelchair လေးပေါ်တွင်ထိုင်နေသောမေမေ့အနားအားသူသွားလိုက်သည် ။
မေမေသည်သူ့ကိုမြင်တာနှင့်အပြုံးလေးတစ်ခုကိုအမြဲဖန်ဆင်းသည်....

"‌ဗိုက်ဆာနေပြီလား..."

ခေါင်းခါပြသည် ။ ‌မေမေသည်တစ်ချို့ မဟုတ် တော်တော်များများအရာတွေတွင်ခေါင်းမာလွန်းပါသည် ။

မနက်စာအတွက်နို့တစ်ခွက်ပဲသောက်ပြီးနေ့လည်ရောက်တဲ့အထိဘာကိုမှမစား။အတင်းလည်းမကျွေးနိုင်ပါ...။
မစားချင်၍ကျလာမည့်မေမေ့မျက်လုံးတွေကိုကြောက်လွန်းလို့...။

"အဲ့လိုမျိုးတွေလုပ်လို့မေမေ့လက်ကလေးတွေကသေးသေးလေးတွေဖြစ်လာပြီ..."

Wheelchairပေါ်တင်ထားတဲ့လက်ပိန်ပိန်တွေကိုကိုင်ရင်းပြောလိုက်တော့မျက်လုံးလေးတွေမှိန်ကျသွားတယ် ။
အပြောင်းအလဲ‌တွေကမမြန်လွန်းနေဘူးလား ။

"Kim Tae...မေမေသေချင်တယ်..."

"မသေရပါဘူး ကျွန်တော့်ကိုမသနားဘူးလား ။ မေမေမရှိတော့ရင်အထီးကျန်နေရမှာပေါ့..."

"မနေချင်တော့ဘူး ဒီနေရာမှာ...."

"ကျွန်တော့ကတော့မေမေနဲ့တစ်သက်လုံးဒီနေရာမှာနေချင်တာဗျာ..."

အမေ့ရင်ခွင်ထဲဝင်ကာမျက်ရည်တွေကျမိနေတဲ့သူရယ် ၊
ထွက်သွားချင်နေတဲ့မေမေရယ်။

ဘဝမှာလေ
ဆုံးရှုံးမှုတွေများလာလွန်းတော့မျက်ရည်စက်‌ပဲတွေထွက်လာတော့တာ။ကြုံတွေ့နေရတာတွေကနာကျင်စရာတွေချည်းပါပဲ ။

-------

Jungkook တစ်ယောက်အိပ်ရာပေါ်တွင်ဟိုဘက်လှိမ့်လိုက်ဒီဘက်လှိမ့်လိုက်လုပ်နေသည် ။
အငြိမ်မနေပဲလှုပ်ရှားနေသောကောင်ကြောင့်taeminအာရုံပျက်ချေပြီ...။

𝚂𝚝𝚞𝚍𝚎𝚗𝚝 𝙾𝚏 𝙶𝚘𝚍 🤎Where stories live. Discover now