Unicode
အခန်းမီးရောင်မှိန်မှိန်လေးကိုပဲသူထွန်းထားပါသည်...မွေ့ယာဖြူဖြူထက်တွင်လဲလျောင်းနေသောဖြူဖျော့ဖျော့အညိုရောင်လေးအားသူတမေ့တမောထိုင်ကြည့်နေခဲ့သည် ။ မနေ့ကတည်းကအိပ်နေတာဒီနေ့မနက်အထိမို့သိပ်လည်းစိတ်ပူသလို
လွမ်းလည်းလွမ်းလှပါပြီ...။နိုးလာပါတော့...လို့တဖွဖွဆုတောင်းနေခဲ့ပေမယ့်လည်း
အိပ်နေတုန်းပဲ။
မတွေ့ရတဲ့ရက်ပိုင်းအတွင်းပြောင်းလဲသွားသောခန္ဓာကိုယ်လေးကိုနှမြောမိသည်...။အစားမစားလို့ဖြစ်တာ တဲ့...။သူကိုယ်တိုင်ကြောင့်လား...သူဒီကောင်လေးဆီကိုမသွားဖြစ်လို့များလား ဆိုတဲ့အတွေးတွေကိုဆွဲထုတ်လိုက်ချင်ပေမယ့်လေ...
နိုးလာရင်ထိုသို့မေးမယ်လို့လည်းဆုံးဖြတ်လိုက်ပြန်တယ်...။အလုပ်များသောCeoကြီးသည်လူနာစောင့်လေးဖြစ်နေသည်မို့...
တစ်ရုံးလုံးလည်းအံ့ဩစွာ...။နိုင်ငံခြားမှအဖေဖြစ်သူကိုတစ်ယောက်ယောက်လှမ်းတိုင်ရင်အလုပ်ထုတ်ပြစ်မယ်ဟူ၍အမိန့်တစ်ခွန်းပေးခဲ့သည်...။
အတ္တကြီးလှသောအဖေသိသွားခဲ့ရင်ဒီကိစ္စလေးသည်မိုးမီးလောင်နိုင်ခြေရှိတာကို...။တံခါးဖွင့်သံကြောင့်မျက်လုံးကစားမိတော့ဆရာဝန်နှင့်သူနာပြု
တစ်ယောက်ဖြစ်နေသည်..။"လူနာကိုဆေးထိုးပေးမလို့ပါ..နှလုံးခုန်သံလည်းပြန်ကြားနေရပြီ
ဆိုတော့နိုးအောင်လုပ်လိုက်ပါမယ်...""ဘာဆေးလဲ...အသားနာမယ့်..ဘေးထွက်ဆိုးကျိုးဖြစ်စေမယ့်ဆေးဆိုမထိုးပါနဲ့ မေတ္တာရပ်ခံတာပါ.."
တစ်ခွန်းဆိုတစ်ခွန်းပိတ်ပြောလိုက်သောလူအေးကြီး၏စကားကြောင့်ဆရာဝန်ရောnurseမလေးပါကြောင်သွားကြသည်။
ဆရာဝန်သည်ပြုံးရိပ်လေးသန်းကာလူနာစောင့်အားသေသေချာချာရှင်းပြလိုက်တော့မှခေါင်းငြိတ်ကာဆေးထိုးခွင့်ပေးသည်..။ဆရာဝန်ဖြစ်ရတာဆေးကုရုံတင်မဟုတ်...လူနာစောင့်အားဆေးအကြောင်းစုံစုံလင်လင်ပြောပြရပါသေးသည်။
"နောက်၃မိနစ်လောက်ဆိုသူနိုးလာပါလိမ့်မယ်..ရေဆာတယ်ပြောရင်ဂွမ်းကိုရေနည်းနည်းလေးစွတ်ပြီးနှုတ်ခမ်းမှာသုတ်ပေးလိုက်ပါ..သွားခွင့်ပြုပါဦး"
YOU ARE READING
𝚂𝚝𝚞𝚍𝚎𝚗𝚝 𝙾𝚏 𝙶𝚘𝚍 🤎
FanfictionAs fate would have it , we are always together... Unicode+Zawgyi