Unicode
ဘယ်လိုပြောရမလဲ။အမျိုးမျိုး နည်းလမ်းပေါင်းစုံနဲ့
ရင်ခုန်နေတဲ့ခံစားချက်ကြီးကိုရောဘယ်လိုလုပ်ရမလဲ။
သူဘာတွေလုပ်ဖို့စဉ်းစားနေမိပြီလဲ။
အချစ်ကိုသူမခံစားချင်သေး....ချစ်တော့ချစ်ချင်ပါရဲ့လေ။
ပြဿနာဟာ ချစ်လား မချစ်လား မသိခြင်းပဲ။
ထူးထူးဆန်းဆန်းကွဲထွက်နေတဲ့လူကိုတစ်ခါမှမကြုံခဲ့ဖူးတော့
စိတ်ကစားလို့
ဖြစ်နေရင်လည်းအာရုံပဲ။ကိုင်ခဲ့ဖူးသည့်လက်ဖြူဖြူတွေကြောင့်
စိတ်ကစားသွားတာများလား။မဖြစ်နိုင်တာကြီး။
စိတ်ကစားရင် ရင်ခဏခဏခုန်စရာအကြောင်းမရှိ။ရင်ဘတ်ကိုမနိုင်နိုင်ရာလာရိုက်တဲ့လက်တွေကြောင့် ။
အဲ့ဒီလက်တွေကြောင့် သူ့စိတ်တွေနှစ်ခွဖြစ်နေတာ။
တရားခံသည် လက် တွေ .......။ရင်လည်းခုန်တယ် ....မုန်းလည်းမမုန်းနိုင် ။
မတတ်နိုင်ဘူး။စိတ်သွားတဲ့နောက်လိုက်ရမှာပဲ ......။Jungkook
---
ရာသီဥတုကအစ သူ့ဘက်ကိုလိုက်ပေးကာ
သာသာယာယာပင်။လမ်းကွေ့တွေအတိုင်းဖြည်းဖြည်းချင်း
နင်းရင်း နင်းရင်း GYM ဆိုင်ရှိသည့် လမ်းမပေါ်သို့
ရောက်လာခဲ့သည်။
ဦးထုပ်နှင့်နေကာမျက်မှန်သာတပ်လာခဲ့သည်။တပ်နေကျ
mask တော့မပါခဲ့....
စက်ဘီးစီးရတာနဲ့ဆိုရင်အမောဆို့နိုင်သည်.....။ဈေးကြီးကြီး ပြိုင်ဘီးအနီရောင်အားဆိုင်ရှေ့၌ရပ်ခဲ့ကာ
အထဲဝင်သွားလိုက်သည်။ဆိုင်ထဲရှိလူတွေကပထမတော့ကြောင်ကြည့်နေပေမယ့်
သူမျက်မှန်ချွတ်လိုက်တဲ့အချိန်ကျမှ တအံ့တဩဖြစ်ပြီး
ဧည့်ကြိုကြသည် ။" ဟုတ်ကဲ့ ဒီဖောင်မှာလက်မှတ်လေးထိုးပေးပါနော် ...
မနေ့ကလွှဲထားတဲ့လစဉ်ငွေ
လေးလည်းရောက်ပါတယ်ရှင့်......"ကမ်းလာသည့် ဖောင်စာရွက်အဖြူပေါ်တွင် Park Jimin လက်မှတ်သည် ထင်းသွားသည်။
လက်မှတ်ကပါ အရှိန်တောက်သလားမမေးနဲ့ဟု
ဆိုင်ဝန်ထမ်းများတွေးမိသွားတဲ့အထိ ။" ဆော့လို့ရပြီမလား "
" ဟုတ်ကဲ့ ရပါပြီ လိုက်ပြ ......"
YOU ARE READING
𝚂𝚝𝚞𝚍𝚎𝚗𝚝 𝙾𝚏 𝙶𝚘𝚍 🤎
FanfictionAs fate would have it , we are always together... Unicode+Zawgyi