အပိုင်း(၄၂)

140 5 0
                                    

ဒီရေတာသို့တမ်းခြင်း

ဆန်းမှရက်ပေါင်းများစွာမေ့မြောနေခဲ့ပြီးနောက်ပိုင်း
၁၂ရက်မြောက်နေ့တွင်ပြန်လည်နိုးထလာလေ
သည်။သူနိုးထလာချိန်အနားတွင်မည်သူမျှမရှိပါ
ပဲအခန်းပတ်ပတ်လည်မှာငြိမ်သက်မှုများဖြင့်
ခြောက်ကပ်လျက်ရှိနေသည်။

ဆန်းသည်သူ၏ယခုမှဖွင့်စဖြစ်သောမျက်ဝန်းအား
ဖွင့်၊ပိတ်ပြုလုပ်ရာအားယူကာ ထလာရန်ပြင်
လေသည်။ထိုအချိန်တွင်အခန်းထဲသို့ဝင်လာသည့်
ခေါင်ထက်မှာနိုးထလာသည့်ဆန်းအားမြင်သော်

""မင်းနိုးလာပြီးလား""

ခေါင်ထက်မှထိုသို့ဆိုရင်းနှင့်ဆန်းအနားသို့ဦးတည်
လာလေသည်။ဆန်းသည်ကုတင်အားကျောမှီထိုင်
တေကာသူ့အနားရောက်လာသည့်ခေါင်ထက်ထံသို့
လှမ်းကြည့်လျက်

""ဘာတွေဖြစ်သွားတာလဲ""

ခေါင်ထက်သည်လည်း ကုတင်နားတွင်ရှိသည့်
ခုံပေါ်တွင်ထိုင်လိုက်ကာ သူ့အားအမေးထုတ်
လာသည့်သူငယ်ချင်းဖြစ်သူဆန်းအားပြန်ငေး
ကြည့်လျက်

""မင်း accident ဖြစ်သွားတာ""

ထိုအခါမှသာဆန်းသည်လည်းသူဆေးရုံရောက်နေ
ရသည့်အကြောင်းရင်းအားသတိရလာလေသည်။
ပြီးနောက်တစ်စုံတခုအားသတိရလာကာ

""မိုင်..မိုင်လေးရော..ဘယ်လိုဖြစ်သွားပြီလဲ..
ကျောက်ကပ်အစားထိုးဖို့ကိစ္စကရော""

စိတ်လှုပ်ရှားစွာဖြင့်စကားဆိုလာသည့်ဆန်းအား
ခေါင်ထက်မှသက်ပြင်းတချက်ချလျက်

""မင်းမေ့လဲနေတာ၁၂ရက်ရှိသွားပြီ..ဒီ၁၂ရက်
အတွင်းမှာမိုင်လေးကျောက်ကပ်အစားထိုးကုသပြီး
လွန်ခဲ့တဲ့ရက်ကပဲဆေးရုံဆင်းသွားတာ..""

""သူငါ့ကိုလာမကြည့်ဘူးလာ""

""ကြည့်တယ်..ဒီမနက်ကပဲလာကြည့်ပြီးပြန်သွားတာ..
ငါကမင်းဘယ်တော့နိုးလာမလဲမသိလို့ခုထိမပြန်ရ
သေးတာ""

ခေါင်ထက်ဆိုလာသည့်ကိစ္စအကြမ်းဖျင်းအား
ဆန်းနားလည်သွားသဖြင့် ခေါင်းငြိမ့်ကာထောက်
ခံပြလိုက်လေသည်။

၁၂ရက်ရှိပြီ။သူမေ့လဲနေခဲ့တာ၁၂ရက်ရှိပြီတဲ့..
သည်၁၂ရက်အတွင်းကိစ္စအများပြားလည်း
ဖြစ်ချင်ဖြစ်သွားနိုင်သည်။ထိုအရာအားတော့
ယခုအချိန်တွင်ဆန်းမမေးလိုသေးပါ၊သို့ပေမဲ့
ထူးဆန်းသည်တစ်ခုမှာ ဘယ့်အတွက်ကြောင့်
များပတ်ဝန်းကျင်မှတစ်ခုခုလိုအပ်နေသကဲ့သို့
သူခံစားနေရသနည်း။

ဒီရေတာသို့တမ်းခြင်း(ဒီရတောသို့တမျးခွငျး)Where stories live. Discover now