အပိုင္း(၉)

142 11 4
                                    

ဒီရေတာသို့တမ်းခြင်း

မနေ့ညက မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့်
သည်မနက်တွင်တော့ မိုးများအုံ့စိုင်းလျက်ရှိနေသည်။
မိုးမရွာသွန်းတော့သော်လည်း မိုးဖွဲများကျ
ဆင်းလျက်ရှိနေတုန်းပင်။ထို့ပြင်လည်း မနေ့ညမှ
အချင်းချင်းရိုက်ခတ်ချင်းခံထားရသော
သစ်ပင်အချို့တို့မှာမြေနီလမ်းပေါ် ကျိုးကျလျက်ရှိပြီး
မိုးရာသီဝင်ခါစဖြစ်သည့်အတွက်
မြေသင်းသင်းအနံ့လေးမှာလည်း
လမ်းမတလျောက်ပျံ့လွင့်လျက် ရှိသည်။

သစ်ပင်များ၏သစ်ရွက်အများ၊
အပြားကြားတွင်မိုးရေစက်များ
ခိုတွဲကျန်နေလျက်ရှိသည့်အပြင် ကျေးငှက်
များ၏မြည်တွန်သံမှာလည်း တကျွီကျွီနှင့် ဝေဆာ
နေလျက်ရှိသည်။လေပြင်းများပင်တိုက်ခတ်၍လည်း
အချို့သောမြေနီလမ်းများပင် ဗွက်အိုင်များဖြစ်ထွန်း
လာရလေသည်။

ဆေးရုံရှိ အလုပ်သင်ဆရာဝန်လောင်းများသည်လည်းမနေ့ည မိုးရွာသွန်းခဲ့စဉ်က ဂျူတီကျနေသဖြင့်
အိမ်မပြန်ရပါပဲ ဆေးရုံ၌သာ တညအိပ်စက်ရသဖြင့်
သည်မနက် မိုးလင်းသည်နှင့် အိမ်ပြန်ရန် ဆေးရုံမှ
အသီးသီးထွက်လာကြလေသည်။

မနေ့ညကအိမ်မပြန်ရပါပဲ ဆေးရုံ၍အိပ်စက်ရ
သူများထဲတွင် ဆတ်လည်းအပါဝင်ဖြစ်သည်။
ဖုန်းအားလည်းကုန်သွားသည့်အပြင်
အားသွင်းကြိုးလည်းမပါလာသဖြင့်
သူ၏ချစ်သူ ကောက်စိန်မလေးကတော့
သူ့အားအသေကောက်တော့မည်
ဖြစ်သည်။ထို့ကြောင့်လည်း အိမ်ပြန်ကာ ဖုန်းအားသွင်း၍မိုင်လေးထံဖုန်းဆက်ကာ အကျိုးကြောင်း
ရှင်းပြမည်ဟုတွေးကာဆေးရုံမှ ထွက်ခွာလာလေ
သည်။

ဆတ်သည် ကားပေါ်တက်ကာ ကားစက်နိုးပြီး
ထွက်သွားရန်ပြင်စဉ် သူ၏မြင်ကွင်းထက်ပေါ်လာ
သည့်လူတယောက်။အတိကျဆိုရလျှင်
မနေ့ကမှဆေးရုံအားနောက်ကျမှ
ရောက်ရှိလာသည့်အလုပ်သင်ဆရာဝန်လောင်း။
အတော်စိတ်ဝင်စား၍တော့ကောင်းသည်။
အများသူငှါအိမ်ပြန်နေကြစဉ် ထိုသူသည်
အိမ်မပြန်ပါပဲ ဆေးရုံရှေ့ ကျိုးကျနေသည့်
သစ်ကိုင်းသစ်ခက်များအား လမ်းဘေးသို့
ဖယ်ရှားနေလေသည်။

ဒီရေတာသို့တမ်းခြင်း(ဒီရတောသို့တမျးခွငျး)Where stories live. Discover now