အပိုင္း(၁၈)

111 11 2
                                    

ဒီရေတာသို့တမ်းခြင်း

တာသည် ငြိမ်သက်စွာဖြင့် ဝင်သက်ထွက်သက်
မှန်ကန်စွာနှင့် အိပ်စက်နေလေသည် ။
တာမေ့လဲနေခဲ့သည်မှာနှစ်ရက်မျှကြာခဲ့
လေပြီး။ယခုအချိန်ထိလည်းနိုးထမလာသေး။
ဆရာဝန်မှ ပင်ပန်းကာ မေ့လဲသွားသည်ဟုသာ
ဆိုလာသော်လည်း စိတ်ပူနေရဆဲပင်။

ခေါင်ထက်နှင့်ဆန်းမှာ တာအားအလှည့်ကျ
စောင့်ပေးကြလေသည်။အစကအိမ်တွင်သာ
စောင့်ကြည့်ရန်စဉ်းစားထားသော်လည်း တခုခု
လိုအပ်လာပါက ဆရာဝန်နှင့်တိုက်ရိုက်ထိတွေ့
မှုရရှိနိုင်ရန် ဆန်းမှာ VIPအခန်းအားယူကာတာအား
ဆေးရုံ၌သာထားလေသည်။

သည်နေ့မှာတော့ ဆန်းနှင့်ခေါက်ထက်သည်
သွားစရာလည်းမရှိ၍ တာအား အဖော်ပြုကာ
လာစောင့်ပေးလေသည်။ခေါင်ထက်မှာ
အနီးနားရှိ ခုံပေါ်တွင်ထိုင်နေကာ ဆန်းမှ တာ၏
အနားတွင်သာထိုင်ကာ အဝတ်စိုတထည်နှင့်တာ့
လက်တို့အားသုတ်ပေးနေလသည်။ဆန်းသည်
တာအား အလွန်စိုးရိမ်လှပါသည် ။

သည်နှစ်ရက်အတွင်းလည်းဆန်းမှာကောင်းကောင်း
အနားမယူရသေး။ယခုလည်း
အိပ်မောကျနေသည့်တာအားကြည့်ကာ
သက်ပြင်းချမိပြန်သည်။ပြီးနောက်
အနားတွင်ရှိနေသည့် ခေါင်ထက်အား
ရင်ဖွင့်စကားဆိုလာလေသည်။

""ခေါင်ထက် ငါတော့မှားသွားပြီးထင်တယ်""

""ဘာကိုလဲ""

အစမရှိအဆုံးမရှိဆိုလာသည့်
ဆန်း၏စကားအား ခေါင်ထက်နားမလည်သဖြင့်
ပြန်မေးလိုက်ခြင်းပင်။

""တာကို ငါစာချုပ်ချုပ်တဲ့ကိစ္စသွားဆွေးနွေးပေးဖို့
မပြောခဲ့သင့်ဘူးဟာ တကယ်လို့ငါကိုယ်တိုင်သာ
မဟုတ်ပဲ အခြားတယောက်ကို ကူညီခိုင်းလိုက်
လဲရရဲ့သားနဲ့""

""တာက မင်းကိုကူညီချင်လို့ကူညီခဲ့တာလေ
မင်းတားခဲ့ရင်တောင်သူကူညီမှာပဲ အဲ့ဒီအရူး
ကောင်ကသူ့အတွက်သူဆို နဲနဲမှကိုမစဉ်းစားတက်
တာ""

""ငါလည်းမသိတော့ပါဘူး
တာကဘာလို့ငါ့ကို ဒီလောက်တောင်ခင်တွယ်နေရ
တာလဲဆိုတာ..ငါသူ့အပေါ်အရမ်းလဲ မကောင်းပါ
ဘူး""

ဒီရေတာသို့တမ်းခြင်း(ဒီရတောသို့တမျးခွငျး)Hikayelerin yaşadığı yer. Şimdi keşfedin