အပိုင္း(၁၆)

121 9 2
                                    

ဒီရေတာသို့တမ်းခြင်း

ည၆နာရီအချိန်ခန့်ရောက်သောအခါ ရိုးနီမှ
ဦးမဟာသီအားစကားပြောချင်သည်ဆို၍
တာတွင်လည်း ဦးမဟာသီဖုန်းနံပါတ်မရှိသဖြင့်
ခေါင်ထက်ထံဖုန်းဆက်၍ ဦးမဟာသီ၏
ဖုန်းနံပါတ်အား စုံစမ်းရသေးသည်။ရိုးနီသည်
မည်သည့်အကြောင်းကြောင့် ဦးမဟာသီအား
စကားပြောနေချင်မှန်းတာနားမလည်ခဲ့ပါ။

ထို့ကြောင့်လည်း တာသည်ခေါင်ထက်ထံမှ
ဦးမဟာသီ၏ဖုန်းနံပါတ်ရပြီးသည်နှင့်
ဦးမဟာသီထံ ရိုးနီသဘောဆန္ဒအရဖုန်းဆက်ရန်
ပြင်လိုက်လေသည်။သေးငယ်လှသောသစ်အိမ်
အတွင်း ဝါကျင်ကျင်သာရှိနေသောမီးအလင်း
ရောင်နှင့် ရိုးနီသည်ဝှီးချဲပေါ်ထိုင်လျက်ရှိနေပြီး
တာမှ ရိုးနီအနားတွင်ရပ်ကာဖုန်းခေါ်နေလေသည်။

တူ....တူ....

ဖုန်းမှခဏတာမျှမြည်ပြီးသောအခါတဖက်မှ
ဖုန်းကိုင်လာလေသည်။

""ဟဲလို""

""ဦးမဟာသီ ကျွန်တော် ဒီရေတာပါ""

""ဘယ်လိုလဲ မင်းကိုခိုင်းလိုက်တဲ့ကိစ္စ""

""သူအခုကျွန်တော့ဘေးမှာ သူခင်ဗျားကို
စကားပြောချင်တယ်တဲ့""

တာမှ ရိုးနီအားဖုန်းလွဲပေးလိုက်ရာဖုန်းပြော
နေသည်အားအနှောက်ယှက်မဖြစ်ရစေရန်
တာမှအလိုက်တသိပင်အိမ်အောက်သို့ဆင်းသွား
လေသည်။

ရိုးနီလက်ထဲသို့ဖုန်းရောက်လာသည်အထိရိုးနီမှာ
မည်သည့်စကားမှဆိုလာခြင်းမရှိခဲ့ပေ။
ခဏအကြာမှသာလျှင်ဦမဟာသီထဲမှစ၍စကား
ဆိုလာလေသည်။

""ဟဲလို""

ဦးမဟာသီမှစ၍ နုတ်ဆက်လာခြင်း။

""မင်းလား ရိုးနီ""

ရိုးနီမှာတိတ်ဆိတ်နေဆဲ ...စကားပြောချင်သည်ဆိုသော်လဲစကားပြောသင့်မသင့်စဉ်းစားနေပုံပင်။

""ရိုးနီ ဟဲလို""

""မတွေ့တာကြာပြီးနော် ကိုမဟာသီ""

ရိုးနီ၏အေးစက်စက်လေသံ။

""တကယ်ကိုမင်းပဲ အဟက်!!မင်းနဲ့
ဒီတသက်ပြန်မှတွေ့ဖြစ်ပါ့မလားလို့
စဉ်းစားနေခဲ့တာ""

ဒီရေတာသို့တမ်းခြင်း(ဒီရတောသို့တမျးခွငျး)Where stories live. Discover now