အပိုင်း(၂၄)

117 12 0
                                    

ဒီရေတာသို့တမ်းခြင်း

""ဆန်း ပြီးပြီးလား""

""ထွက်လာနေပြီး ခဏပဲစောင့်""

လွန်ခဲ့သောရက်ပိုင်းဂိမ်းဆော့ပြီးချိန်မှစ၍ထို
နေ့ကအကြောင်းအား တဖန်ထပ်၍အစဖော်ရန်
အကြောင်းအရာတို့ရှိမလာခဲ့။ဆန်းသည်လည်း
ထိုအကြောင်းအားအစမဖော်ခဲ့သကဲ့သို့
တာသည်လည်း အိပ်မက်တခုကဲ့သို့သဘော
ထားကာ ထပ်၍အစမဖော်လာခဲ့။

ယနေ့မှာမူ ဝယ်စရာရှိသည်တို့အား
ဝယ်ယူရန် တာသည်ဆန်းနှင့်အတူကုန်တိုက်သို့
သွားရန်အသင့်ဖြစ်နေလေပြီ ။
သို့သော်လည်း ဆန်းသည်ထုံးစံအတိုင်း
မပြီးမစီးနှင့်နောက်ကျနေပြန်ပါသည်။

ဤလောကတွင် ဆန်းဝံ့ကြယ်ဆိုသည့်ထိုလူသား
အားသည်းခံစောင့်စားနိုင်သူမှာ
တာတယောက်ထဲသာရှိမည်ထင်သည် ။
တာအဖို့ထိုလူသားအားစောင့်စားနေရသည်မှာ
အထူးဆန်းတခုပင်မဟုတ်တော့။

ဆန်းသည် သူ၏အခန်းထဲမှထွက်လာရာ
ဂျင်းဘောင်းဘီရှည်နှင့် အင်္ကျီကွက်လက်ရှည်အား
တံတောင်နားခေါက်တင်ထားကာ
ပိုနေသောအင်္ကျီအောက်စအားလည်း
ဘောင်းဘီအောက်သို့ထည့်ထားကာ အနက်ရောင်
ခါးပတ်ဖြင့်ပတ်ထားလေသည် ။
ဆံပင်အားသေချာစွာဖီးလိမ်းထားကာ အပြင်သွား
လျှင်စီးနေကျshoeဖိနပ်အမည်းရောင်ဖြင့်
ယခုဆန်း၏ပုံစံမှာ သာမန်ပုံစံနှင့်မတူပါပဲ
မင်းသားတယောက်ယောက်၊idolတယောက်ယောက်
၏ပုံစံနှင့်ဆင်တူနေသည်။

တာမှာမူ ဆန်းအားကြောင်ကြည့်နေရင်း
မိမိကိုယ်ကိုပြန်ကြည့်မိလေသည် ။အထွေထူးလဲပြင်ဆင်၍မထား၊ဘောင်းဘီပွအညိုရောင်နှင့်
hoddieအဖြူရောင်သာဝတ်ဆင်ထားကာ ဆံပင်..
ပင်သည်တိုင်းကြည့်ရအဆင်ပြေရုံသာ ​ဖြီးထား
လေသည်။

""ဆန်း မင်းသွားစရာရှိလို့လား""

""စျေးသွားဝယ်မယ်ဆို""

""အင်းလေ ဒါပေမဲ့ မင်းပုံစံက""

တာမှဆန်းအားလက်ညိုးထိုးပြလိုက်ရာ
ဆန်းသည်လည်းတချက်ကြောင်သွားလေသည် ။
ပြီးမှတာ၏ဆိုလိုချင်သည်အားသဘောပေါက်
လာကာ

ဒီရေတာသို့တမ်းခြင်း(ဒီရတောသို့တမျးခွငျး)Where stories live. Discover now