ဒီရေတာသို့တမ်းခြင်း
""happy birthday""
""happy birthday""
တင်း....ခနဲမြည်သွားသောခွက်တိုက်သံများအကြား
ခွက်ထဲသို့ထည့်ထားသည့် ဝိုင်များအား
ထိုမွေးနေ့စကားဆုတောင်းပေးသူများနှင့်
မွေးနေ့ရှင်အပါအဝင် ဝိုင်အား
အကုန်လုံးမော့သောက်လိုက်ကြလေသည်။ယနေ့မှာ ဒီရေတာ၏အသက်၂၂နှစ်
ပြည့်မွေးနေ့ဖြစ်ရာ တာသည်
တွေ့နေကြဆိုင်တစ်ဆိုင်တွင် ခေါင်ထက်နှင့်
ခွန်ဇေအား ချိန်းဆိုကာမွေးနေ့အသေးစားအနေဖြင့်
တဝိုင်းကျွေးမွေးခြင်းပင်။ထိုစားပွဲဝိုင်းတွင် ဒီရေတာ၊
ခေါင်ထက်နှင့်ခွန်ဇေတို့သာ
ရှိပြီး ဆန်းမှမိဘအိမ်ပြန်နေသဖြင့်
သည်နေရာတွင်ရှိမနေရခြင်းဖြစ်သည်။ခေါင်ထက်သည် တာအဖို့ တန်ဖိုးကြီးနာရီတလုံး
လက်ဆောင်ပေးကာ ခွန်ဇေသည်လည်း
တာနှစ်သက်လောက်သည့်brandတစ်ခုဖြစ်သည့်
တံဆိပ်နှင့် ဖိနပ်တရံအား လက်ဆောင်
ပေးလေသည်။ထိုလက်ဆောင်များ
အားလည်း တာ.. မငြင်းပယ်မိ..လက်ဆောင်မယူ
လာနှင့်ဟုမှာလိုက်သော်လည်း စကားနားမထောင်သူ
သူငယ်ချင်းနှစ်ယောက်မှာတော့ လက်ဆောင်
ကိုယ်စီနှင့်။စားပွဲဝိုင်းသို့မှာယူထားသည်တို့ရောက်ရှိလာသော
အခါ စကားများလည်းပြောကြရင်း၊အစားသောက်
လည်းစားရင်း၊ဝိုင်လည်းဇိမ်ခံသောက်နေကြ
လေသည်။မွေးနေ့ဟုဆိုသော်လည်း မွေးနေ့ကိတ်
မပါဝင်ပေ။ကလေးကလားလည်း
မဟုတ်တော့ပါဘူးလေ။
ထိုအခါ တဖန်ပြန်ထည့်ထားသော
ဝိုင်အား တကျိုက်တည်းမော့သောက်လိုက်ကာ
စကားဆိုလာသူက ခေါင်ထက်။""တာ ငါဘာလို့ဆန်းကိုမတွေ့ရတာလဲ
သူ့ကိုမခေါ်ဘူးလား""ခွန်ဇေမှလည်း ခေါင်ထက်ဆိုလာသည်အား
ခေါင်းတဆက်ဆက်ငြိမ့်လိုက်ကာ""တာ မင်းနဲ့ဆန်းနဲ့ စကားများကြလို့လား""
ခွန်ဇေဆိုလာသည်အား တာမှပြန်ဖြေရန်
ပြင်စဉ် ခေါင်ထက်မှပင်ဆက်၍""ဘာကိစ္စစကားများစရာအကြောင်းရှိလို့လဲ
မင်းကလည်း မသိတာလဲမဟုတ်ဘူး
ဆန်းနဲ့တာက ဘယ်နှခါစကားများ
အငြင်းပွားဖူးကြလို့လဲ..ဟိုကောင်ရစ်သမျှ
ရန်ရှာသမျှကို..တာကပဲ သည်းခံနေတာမဟုတ်လား""
CZYTASZ
ဒီရေတာသို့တမ်းခြင်း(ဒီရတောသို့တမျးခွငျး)