အပိုင်း(၂၆)

112 12 1
                                    

ဒီရေတာသို့တမ်းခြင်း

သည်မနက်ခင်းတွင်မနက်စာစားနေရာမှ
ပတ်ဝန်းကျင်မှာသူ့အလိုလို ငြိမ်သက်နေလေသည်။
ဆန်းသည်လည်း မည်သည့်စကားမှမဆိုပါပဲ
မနက်စာသာစားနေသကဲ့သို့ တာသည်လည်း
ငြိမ်သက်နေပါသည်။တာသည် ထုံးစံအတိုင်း
​ပေါင်မုန့်အား ကြက်ဥဖြင့်ကြော်ထားကာ
ဆန်းအဖို့ နွားနို့တခွက်ဖျော်ထားပေးပြီး
သူ့အဖို့မူ မိုင်လိုတခွက်အားဖျော်ထား
လေသည်။

ဆန်းသည်ကော်ဖီသာကြိုက်သော်လည်း
ဆန်းအား ကော်ဖီများများမသောက်စေလို၍
တာမှကော်ဖီတလှည့်၊မိုင်လိုတလှည့်..တခါတရံ
နွားနို့တလှည့်ပင် ဆန်းအားမငြီးငွေ့ရစေရန်
ဖျော်တိုက်ပေးလေသည်။ထို့ပြင် ထမင်းအား
ကြက်သားဖြင့်ကြော်ထားကာ အာဟာရပြည့်စေရန်
ပြောင်းဖူးကြော်ထားသေးသည်။

ဆန်းနှင့်တာသည် မနက်စာစားနေသော်လည်း
ငြိမ်သက်နေကြလေသည်။ပြောစရာစကားပဲမရှိကြ၍လား။

ပူနွေးနေသော မိုင်လိုခွက်အားမှုတ်သောက်ကာ
တာသည် အပြင်သို့ လှမ်းကြည့်လိုက်လေသည်။
အိမ်ခန်းထဲမှ အပြင်သို့ ပြတင်းပေါက်
မှတဆင့်မြင်နေရသည့် တိမ်အစိုင်အခဲတို့မှာ
မကြာခင်ရွာသွန်းတော့မည့် အသွင်ဆောင်ယူနေ
လေသည်။

တာမှ သောက်လစ မိုင်လိုခွက်အားခုံပေါ်ချ
လိုက်ကာမနက်စာအားငြိမ်သက်စွာစားနေသည့်
ဆန်းထံသူ၏အကြည့်တို့ပို့လိုက်လေသည်။

""ဆန်း...မင်းမနက်ဖြန်ည အားလား""

""မနက်ဖြန်ည?..အားတယ်လေ..ကိစ္စရှိလို့လား""

ဆန်းမှာမနက်စာစားနေရင်းမှ
တာအားတချက်ကြည့်ကာဆိုလာလေသည်။
ထိုအခါမှသာ တာသည်ဆန်းအား

""တကယ်လို့အားရင် စောစောပြန်လာခဲ့ပါလား
မင်းအပြင်သွားစရာတွေ၊အလုပ်ကိစ္စတွေမရှိတော့
ရင်ပေါ့""

""ထူးထူးဆန်းဆန်း..ငါကဘယ်နှခါ အိမ်ပြန်
နောက်ကျလို့လဲ ကိစ္စမရှိရင်အိမ်ပြန်နောက်
မကျပါဘူးဟာ""

""အင်း..ဒီတိုင်းပြောထားတာ""

တာဆိုလာသည်အားဆန်းမှ ဂရုမစိုက်ဟန်။
မနက်စာသာပြန်ဆက်စားလေသည်။တာမှာမူ
မနက်စာဆက်စားနေသည့် ဆန်းအားကြည့်ကာ
သူ၏အတွေးတို့မှာ ပျံ့လွင့်လျက်ရှိနေသည်။
မနက်ဖြန်မှာမည်သည့်နေ့ဖြစ်သည်မှန်း
ဆန်းသတိမရသည်မှာလဲ မထူးဆန်းပါ။
ဆန်းသည် ဘယ်သောအခါကမှတာနှင့်ပတ်သက်လျှင်
မည်သည့်ကိစ္စကိုမှ မှတ်ထားတက်သူမဟုတ်။
မှတ်ထားခဲ့လျှင်တောင်အလွယ်တကူနှင့်ပြန်
မေ့သွားတက်သည်။တာမှဆန်းအားသတိပေးမှသာ
ဆန်းသည်လည်းသတိရတက်သည်။

ဒီရေတာသို့တမ်းခြင်း(ဒီရတောသို့တမျးခွငျး)Tempat cerita menjadi hidup. Temukan sekarang