အပိုင္း(၃)

156 11 1
                                    

ဒီရေတာသို့တမ်းခြင်း

တူ...တူ...

မိုးပင်တက်တက်စင်အောင်မလင်းသေး။
တတူတူနှင့်အဆက်မပြတ်မြည်နေသော
ဖုန်းသံကြောင့်ဒီရေတာသည် အိပ်ချင်နေသည့်
ကြားမှ နားအားမရမကပိတ်ကာ
ဆက်၍အိပ်နေလေသည်။မနေ့ညတာ၏မွေးနေ့
ပြီးသည်ထဲကအိမ်ပြန်ရောက်သည်မှာနောက်ကျ
လွန်းသဖြင့်တာ၏အိပ်ချိန်သည်လည်း
နောက်ကျလွန်းနေခဲ့သည်။

ယခုလည်းတာသည် အဆက်မပြတ်မြည်နေသည့်
ဖုန်းအားပြန်လည်ဖြေကြားခြင်းမရှိပါပဲ
ဆက်၍သာအိပ်နေလေသည်။

သို့သော်လည်းဖုန်းမြည်သံမှာ ရပ်တန့်သွားသည်မရှိ။

ဒီရေတာသိသည်။
သည်အချိန်သူ့ထံဖုန်းဆက်သူမှာ ခွန်ဇေနှင့်
ခေါင်ထက်မဖြစ်နိုင်။

ပို၍မဖြစ်နိုင်သည်ကဆန်းဝံ့ကြယ်ပင်။

မနက်တိုင်းသူဖုန်းဆက်၍ခေါ်နိုးမှသာအိပ်ယာထ
မျက်နှာသစ်တက်သူမှာ ယခုအဘယ်ကြောင့်
သူ့ထံဖုန်းဆက်အံ့မည်နည်း ။

မနေ့ညကလေးယောက်လုံးအိမ်ပြန်နောက်ကျ
သဖြင့်ယခုအချိန်တွင်မူမည်သူမျှအိမ်ယာထအုံး
မည်မဟုတ်ချေ။သို့ပေမဲ့လဲတာ့ထံတွင် သည်လူ
တွေမှလွဲ၍မည်သည့်အပေါင်းသင်းသူငယ်ချင်း
မှမရှိ။

ဒါဆိုဖုန်းဆက်နေသည်မှာမည်သူနည်း။

တတူတူမြည်နေသည့်ဖုန်းသံကြောင့်လည်း
တာမှသည်းမခံနိုင်တော့သည့်
အဆုံးစိတ်ပေါက်ပေါက်နှင့် ထလာကာ
စားပွဲပေါ်တင်ထားသည့်ဖုန်းအားလှမ်းယူလျက်
အိပ်ချင်မူးတူးလေသံဖြင့်ဆိုလာလေသည်။

""ဟဲလို""

"".......""

"".....""

တဖက်မှမည်သို့ဆိုလာသည်မသိ။မည့်သည့်
အကြောင်းအားပြောနေသည်လဲမသိ။
အိပ်ချင်မူးတူးဖြစ်နေသည့်တာသည် ရုတ်တရက်
အမြင်အာရုံကြောပွင့်ထွက်လာကာဝမ်းသာအားရ
စွာပင်နာမ်စားတခုအား ဆိုလိုက်သည်။

""ဒယ်ဒီ..""

........

ကော်ဖီဆိုင်တစ်ဆိုင်တွင် အသင့်ရှိနေသူ
နှစ်ယောက်မှာ ခေါင်ထက်နှင့်ခွန်ဇေ။

ဒီရေတာသို့တမ်းခြင်း(ဒီရတောသို့တမျးခွငျး)Wo Geschichten leben. Entdecke jetzt