အပိုင္း(၁၄)

121 10 0
                                    

ဒီရေတာသို့တမ်းခြင်း

ရိုးနီသည်ယခုအချိန်ထိနိုးမထလာသေး။
ရွာသူကြီးမှ ကိစ္စရှိသေးသည်ဟုဆိုကာ
ပြန်သွားသဖြင့် ထိုနေအိမ်၌တာနှင့်ဆန်းသာ
ကျန်ခဲ့လေသည်။တာသည်ရိုးနီနိုးထလာလျှင်
တခုခုစား၍ရရန်ဆန်ပြုတ်နှင့်
ငါးသေးသေးလေးအားကြော်ထားသည်။
ချဉ်ပေါင်ရွက်ဟင်းချိုအားချက်ထားကာ
အကယ်ဆိုလျှင် ရိုးနီအဖို့တာသည်
သည့်ထက်ပိုပြင်ဆင်ပေးချင်သေးသည်။
သို့သော်လည်း  အနီးနားတဝိုက်တွင်
မည်သည်စားစရာတို့မှ ရှိမနေ။

တာသည်စားပွဲခုံအသေးလေးပေါ်တွင်
စားစရာများအားအသင့်ချထားပြီးပျင်းရိစွာ
ရှိနေသည့်ဆန်းအားညစာစားရန်ခေါ်နေလေသည်။

""ဆန်း ညစာစားလိုက်မလား..ဒီမှာကဘာမှသိပ်
မရှိတော့ဖြစ်သလိုပဲစားရမယ်ထင်တယ်""

တာဆိုလာသည်အား ဆန်းခေါင်းခါပြလေ
သည်။

""မစားချင်ပါဘူးကွာ တာ..ငါနောင်တရချင်လာပြီး
သိလားဒီစာချုပ်ကို ငါကိုယ်တိုင်သွားချုပ်
လိုက်ရင်ပြီးရော အခုတော့မင်းပါပင်ပန်းရပြီး""

""ငါမပင်ပန်းပါဘူးဟာ""

မင်းနဲ့ပတ်သက်လာရင် ဘယ်အရာကမှငါ့ကို
မပင်ပန်းစေဘူး ဟုတော့ တာမပြောဖြစ်လိုက်။
ထို့နောက် တာသည်တခုခုအား
သတိရသွားကာအိမ်အနှံ့ပတ်ပတ်လည်
တချက်ကြည့်လိုက်လေသည်။

""ဆန်း အိမ်ကအရမ်းကျဉ်းတာပဲ..ကုတင်လဲမရှိဘူး
မင်းအိပ်တက်ပါ့မလား""

တာဆိုလာသည်အားဆန်းမှလေးလံစွာခေါင်းငြိမ့်ပြ
လာပါသည်။

""အိပ်တက်ပါတယ် အိပ်တက်အောင်
ကြိုးစားရမှာပေါ့""

အခြေနေနှင့်လိုက်လျောညီစေရန် ဆန်းမှဤသို့ဆို
လာသော်လည်း တာသိသည်။ဆန်းနေမတက်။
အမြဲတမ်း မွေ့ယာအထူကြားအိပ်စက်နေခဲ့ရသူ
အဖို့သည်လိုအရာမျိုးနှင့် လိုက်လျောညီထွေနေနိုင်
ရန်မှာဆန်းအဖို့ခက်ခဲလှသည်။

ရိုးနီ၏အိမ်တွင် မှိန်တုတ်တုတ်
မီးဝါလေးတလုံးသာရှိသည်။
ညအခါရောက်လာပြီမို့ တာသည်လည်းထိုမီးအား
ဖွင့်လိုက်ရသည်။လုံလောက်စွာအလင်းမရ
သော်လည်း မှောင်မဲနေသည်ထက်စာလျှင်တော့
အဆင်ပြေလှပါသည်။

ဒီရေတာသို့တမ်းခြင်း(ဒီရတောသို့တမျးခွငျး)Tahanan ng mga kuwento. Tumuklas ngayon